JEONစံအိမ်ကနေ ထွက်လာတဲ့ Jeon Jungkookမှာကြောက်စိတ်တချို့ဖုံးလွှမ်းခဲ့သည်။
အဲ့ဒါလေးကJimin Park Jiminလို့ခေါ်တဲ့သူရဲ့ ကလေးပဲ
ကုမ္ပဏီကို Taeနဲ့အတူတူလာမယ်လို့ Jinကဖုန်းဆက်တယ်...မငြင်းနိုင်ပါ သူမှာအခွင့်လည်းမရှိခဲ့ဘူးလေ ...လာမယ်ဆိုတာသာတိုတိုတုတ်တုတ်ပြောပြီးချက်ချင်းချသွားခဲ့တဲ့ Jinဟာသူ့ညီလေးအတွက် ကျွန်တော့်ကိုသိပ်မုန်းနေတယ်ဆိုတာမပြောပဲတောင်သိနိုင်တယ်....
ကိုယ်ဘာလုပ်ရတော့မလည်း ကလေးရယ် ကိုယ်ကြောက်တဲ့ကိစ္စရပ်လေးကTaeနဲ့တွဲပြလိုက်တော့သေးသေးလေးပဲနော် ....ကိုယ်ကြောက်ခဲ့တာက အဲ့ကိစ္စရပ်သေးသေးလေးကိုကြောက်ခဲ့တာ ကလေးချစ်မြတ်နိုးတဲ့အနုပညာကို အဲ့ကိစ္စသေးသေးလေးက ဖျက်ဆီးခဲ့ရင်ဆိုတဲ့စိတ် ကလေးရဲ့ဂုဏ်နဲ့သိက္ခာဆိုတဲ့ ကြောက်စိတ်က ကိုယ့်ကို အမှားနောက်တစ်ခုဖြစ်ပေါ်စေတဲ့အကြောင်းအရင်းပိစိလေးတဲ့လား....အမှားနောက်တစ်ခုသာကိုယ်မကျူးလွန်ခဲ့ရင် ကိုယ်ကလေးရှေ့ဒူးထောက်လို့ခွင့်လွှတ်ဖို့တောင်းပန်ပြီး ကလေးဖြစ်စေချင်တဲ့ ပရိတ်သတ်တွေရှေ့ လက်ကလေးကိုတင်းတင်းစုတ်ကိုင်ပြီးချပြလိုက်ချင်တာပါ ကလေးရယ်....ကိုယ်အခုကုမ္ပဏီကိုTaeနဲ့ကလေးတွဲလာမှာကို ကိုယ်ကြောက္မိတယ်ကလေးရယ်....
ကိုယ်လာဖို့တောင်တွန့်ဆုတ်မိတယ်ကွာ....အတွေးတွေ တလူလူလွင့်မျောနေတဲ့ ကားလေးထဲ Mr.JEONကြီးဟာရင်ထဲတလိှုက်လှိုက်ပါပဲ
အချိန်တစ်ခုပြီးနောက် ကားလေးနှစ်စီးဟာ JEON ကုမ္ပဏီးကြီးရှေ့ မချိန်းဆိုပါပဲ ပြိုင်တူဆိုက်ရောက်လာခဲ့သည်။
"JiJi ဟိုမှာJungkook ...."
"ဟင်..."
Jungkookဆိုရင်အလိုလိုလိုက်ရှာနေတတ်တဲ့ခေါင်းသေးသေးလေးဟာ ရှေ့နားအလှမ်းမကမ်းက ကားအပြာရင့်ရောင်လေးဆီ မျက်၀န်းလေးဟာဆိုက်ဆိုက္မြိုက္မြိုက်ပါပဲ
တဖက် ကားအပြာရင့်ရောင်လေးထဲကလူကြီးကတော့ ကားအရောင်ပြောင်းထားတဲ့ Taeရဲ့ကားကိုတော့မမှတ်မိချေ...အရင်က အစိမ်းဖန့်ဖန်နဲ့ အစိမ်းရင့်ရင့်ကိုစီးတဲ့Taeက ခုတော့ အဖြူစွစွတ်ကိုမောင်းလာခဲ့ခြင်းကြောင့်မမှတ်မိခဲ့တာပါ..ရောက်တာနဲ့ကားပေါ်ကနေသာ သွက်သွက်လက်လက်ပဲဆင်းသွားခဲ့သည်။
YOU ARE READING
U JEON [A]
Fanfictionကျွန်တော်မလိမ်တတ်ဖူး ချစ်ရင်ချစ်တယ် မုန်းရင်မုန်းတယ် ဉီးကိုတော့ ချစ်ပေမယ့်မုန်းလိုက်တယ် ရင်တွေနာခဲ့ရလို့