"တီ...တီ..."
အိမ်ရှေ့က ကားဟွန်းတီးသံဟာ သေချာတယ် ဦးထယ်ပေါ့ ဒီနေ့ သူနဲ့Publicချတွဲပြီး ကုမ္ပဏီသွားမှာမို့သူ့ကိုလာခေါ်ခိုင်းထားခြင်းသာ
အဲ့လူကြီး အချိန်တော့တိကျသား ၁၀မိနစ်အတွင်းလာဖို့ပြောလိုက်တာ ၈မိနစ်နဲ့ရောက်လာတာ သူတော်ပါတယ် သို့ပေမယ့် ဦးကိုတော့မမှီသေးပါ။"JiJi Kim Tae လာပြီထင်တယ် သွားကြစို့လေ ..."
"Hyung...ခနလေး..."
Jinလည်းပါပါတယ် သူစိတ်မချဘူးတဲ့လေ သူဟာ ကျွန်တော့်အတွက်တာ၀န်ရှိသူအနေနဲ့ ကိ္စ္စအားလုံးကိုကြိုတင်ဖြတ်ချင်တာလည်းပါလိမ့်မည်။
ဘယ်လိုလုပ်မလဲ ခင်များကြီးရယ် ကျွန်တော့်ခင်များရဲ့အရိပ်အောက္မှာ နေချင်သေးသားဗျာ။
"ဘာလည်းJiJiပြောလေ ..."
"JiJiကို ဆုတောင်းပေးHyung..."
"ဟင်း...Hyungရဲ့JiJiကဘာဆုလိုချင်သလဲ ....hyungပေးမယ်..."
"မငိုဖို့ ဆုတောင်းပေး..."
"မငိုဖို့! ဟားဟား....JiJiရယ် Hyungပြောပြမယ် ငိုခြင်းမငိုခြင်းက ဆုတောင်းတိုင်းမပြည့်ဘူး JiJi မနာကျင်အောင်သာ ဆုတောင်းပေးမယ်...ဒါကမှပြည့်နိုင်ပါသေးတယ်JiJi....မနာကျင်ပါစေနဲ့ Hyung...ရဲ့ ရွှေရောင်ငါးလေး....မွ"
အစ်ကိုတစ်ယောက်ရဲ့အချစ်က နှစ်သိမ့်စကားလေးပြော အနမ်းဖွဖွကိုပါးအိအိထက်ပေးခြင်းက သိပ်ကဗျာဆန်တယ် သိပ်လေးနက်တယ်
"Hyungပေးတဲ့ဆုပြည့်မပြည့်မသိပေမယ့် မနာလောက်တော့ပါဘူး ကျွန်တော်အရမ်းကိုထုံထိုင်းနေပြီ..."
"အင်း......Hyungရဲ့ JiJiလေးကသန်မာပါတယ် ..ဟုတ်တယ်မို့လား..."
"......"
"အင်း...သွားစို့..."
"ဟုတ်.."
တွေတွေလေးငေးမကြည့်စမ်းပါနဲ့JiJiမင်းက သိပ်သနားဖို့ကောင်းသွားလိမ့်မယ်...
PARK စံအိမ်ကနေထွက်ကာ လူကြီးရဲ့အရိပ် ခြေရာ ကိုယ်သင်းနံ့တွေစုစည်းရာကုမ္ပဏီဆီ ဦးတည်ကြရအုန်းမည်....
ကံလေးများကောင်းခဲ့ရင်ခင်များကြီးဆီမလာချင်တော့ဘူး....
YOU ARE READING
U JEON [A]
Fanfictionကျွန်တော်မလိမ်တတ်ဖူး ချစ်ရင်ချစ်တယ် မုန်းရင်မုန်းတယ် ဉီးကိုတော့ ချစ်ပေမယ့်မုန်းလိုက်တယ် ရင်တွေနာခဲ့ရလို့