မသိချင်တော့ဘူးမကြားချင်တော့ဘူး ဒိလူကြီးအကြောင်းကို မုန်းတယ် မုန်းလိုက်ပြီ တစ်သက်စာမုန်းလိုက်ပြီ နာလိုက်တဲ့ရင်တွေ သေအောင်နာတယ်
နုလုံးသားက ဘာသားမို့လို့လည်း ထုလေအက်လေကွဲလေနဲ့အဆုံးမှာအစိပ်စိပ်အမွှာမွှာကွဲကြေခဲ့တဲ့ ကျောက်စရစ်ခဲသေးသေးလေးတွေလို့ တစ်ခုစီစုလို့ပေါင်းဆပ်လို့လည်းမရခဲ့တော့ပါခင်များတို့သိလား အဲ့လူကြီးကိုအဲ့နေ့က ကျွန်တော်ရင်တွေခုန်မိခဲ့တာကို...
အစသန်တဲ့ကျွန်တော်က စတော့အော်တယ်လေ အဟက် အရမ်းရီရတယ် ...ဒါမဲ့ မရီရဲဘူး လူကြီးစိတ်ဆိုးမှာဆိုးတယ်
မြင်မြင်ချင်းအချစ်ကစတွေ့ခဲ့တုန်းက ခနတာစိတ်ကစားရုံပဲထင်ထားခဲ့တာမို့ ဂရုမပြုခဲ့ပါဘူး
အင်း...ပြောရင်ယုံရတာတော့ခက္မယ်
လက်ကိုလှမ်းဆွဲချိန်က ရင်တွေ အတိုင်းအဆမရှိအောင်ခုန်ခဲ့တာ...ကျွန်တော်သာသိတယ်လေ ..အဟင်း...ပြန်ပြောပြနေရတာ တကယ် တကယ်နာတယ် ဟေ့ဒီရင်ကနာတယ် ...--------------------------
"Minလေးအိမ်ရောက်ပြီ"
"ဟင်...အင်း..."
ရောက်ပြီဆိုတာနဲ့ကားတံခါးအပြေးလာဖွင့်ပေးလေတော့ လူကြီးကိုတစ်ချက်သတိရမိပြန်သည်။
ငါစိတ်တွေလွင့်လိုက်ကွာ...Park Jiminရဲ့ Parkစံအိမ်တော်ကြီးက ခမ်းနားလိုက်ပါပေ့
အရှိန်အ၀ါနဲ့ ချမ်းသာကြွယ်၀မှုကစံအိမ်ကိုကြည့်တာနဲ့သိနိုင်၏
ရွှေရောင်တွေဖိတ်ဖိတ်တောက်စွာလှပမဆုံး
စံအိမ်အပြင် ခြံ၀န်းတွေက ခြံ၀ကနေအိမ်ထိဆို ပေ၁၀၀ကျယ်လောက်သည်။
အင်း...ဒါတွေကသူအောင်မြင်မှာပန်းတိုင်တွေပေါ့ တကယ်ဆိုလူကြီးကြောင့်လည်းပါပါသေးတယ်
အနုပညာပဲလုပ်ချင်ခဲ့တဲ့ကျွန်တော့ကိုလက်ဆွဲခေါ်ကာ အနုပညာလောကထဲခြေစုံရပ်စေခဲ့သူ
အတိုက်အခိုက်တွေကြား ခါးဆီးခံကာကွယ်ခဲ့သူဒီလူဟာ လူကြီးမဆိုသာသောဉီး.....အတွေးတို့ကိုအဆုံးသတ်ကာ စံအိမ်ကြီးထဲ၀င်လာလိုက်သည်။
"Hyung ...ကျွန်တော်ပြန်ရောက်ပြီ..."
"အေး...ငါမြင်တယ် PARK JIMIN...!!"
အရှိန်အဟုန်နဲ့ပြေး၀င်လာသူက ဆီးကြိုဖို့မဟုတ်ခဲ့ ဒေါသကိုထုတ်ပြဖို့သာ
YOU ARE READING
U JEON [A]
Fanfictionကျွန်တော်မလိမ်တတ်ဖူး ချစ်ရင်ချစ်တယ် မုန်းရင်မုန်းတယ် ဉီးကိုတော့ ချစ်ပေမယ့်မုန်းလိုက်တယ် ရင်တွေနာခဲ့ရလို့