တစ်ဆယ်

2.9K 245 9
                                    

တစ်ဆယ်

တွေ့ပါပြီ။
ထန်းလက်ရွက်များဖြင့် မိုးကာထားပြီး တစ်ဖက်ရပ်တဲလေးထဲ၌ ကွပ်ပျစ်ပေါ်မှ ခြေတွဲလောင်းချထားသော ကတ္တီပါဖိနပ်ပါးလေးစီးလျှက် ဖြူလွလွခြေအစုံလေးအား အဝေးကပင် လှမ်းမြင်လိုက်ရလေ၏။ တကယ်ကြီး ရောက်နေလေသောအခါ အတာ့ခြေလှမ်းများသည် သိသိသာသာ နှေးကွေးသွားတော့၏။

ဘာလဲ...ငါပဲ သိပ်တွေ့ချင်နေခဲ့တာမို့လို့ မသေချာမရေရာတဲ့သတင်းနဲ့တောင် အပြေးလာခဲ့တာမလား....
အစ်မလှိုင် ရှိနေတယ်လည်း သိရရော...ငါ့စိတ်က မတွေ့ချင်တော့သလို ဖြစ်နေရတာလဲ...

ခပ်လှမ်းလှမ်းရောက်သည်တွင် အတာ ခြေလှမ်းရပ်ပစ်လိုက်သည်။ ကွက်ကြားကာရံထားသော ထန်းရွက်ခြောက်ကြားမှ မလှိုင်၏ ကျောဖက်အား မြင်နေရ၏။ မလှိုင်သည် တကယ် စိတ်ရှည်လက်ရှည် စောင့်နေခဲ့ဟန်တူ၏။
နားထဲ၌ ခင်ဦးတို့ စကားများအား ပြန်ကြားယောင်မိတော့သည်။ မလှိုင်သည် အတာအား ကြိုက်နေလေသည်များလား။ တွေးမိရင်းဖြင့် ကြက်သီးပင်ထလာ၏။
အတာ တွေ့ရကောင်းနိုး၊ လှည့်ပြန်ရနိုးဖြင့် စိတ်နှစ်ခွဖြစ်ရ၏။
နောက်ဆုံးသော် စိတ်အားတင်းကာ တဲဆီ သွားလိုက်သည်။
တဲအပြင်ဖက်၌ ခြေစုံရပ်ပြီး အသံပြုလိုက်ပါတော့သည်။

''အတာ ရောက်ပြီ...အစ်မလှိုင်''
''မြန်လိုက်တာ...အတာရယ်''

အို...အစ်မလှိုင်ရယ်...
ဆံပင်ဖြောင့်ဖြောင့်တွေကို စည်းနှောင်မထားချေဘဲ လွတ်လပ်စွာဖြန့်ချထားပြီး သနပ်ခါးကို ပါးပြင်၌ သစ်ရွက်ပုံလေး လိမ်းကျံထားပုံက အတာ့ကို ရူးသွပ်သွားစေနိုင်၏။ နားရွက်တစ်ဖက်ကြားတွင် ညိုးလုလုပိတောက်ပန်းခက်လေး ညှပ်ပန်ထား၏။

မလှိုင်သည် တဲအတွင်းသို့ လက်ယပ်ခေါ်ပြီး ဘေးနေရာ၌ထိုင်ရန် လက်ပုတ်ကာပြ၏။ အတာလည်း တုံ့နှေးနေသော ပုံစံဖြင့် မလှိုင်ဘေးတွင် ဝင်ထိုင်လိုက်ရ၏။
မလှိုင်ကိုယ်၌ ပိတောက်နံ့များ ရနေသယောင်။

''ဘာလို့လာခဲ့တာလဲ ... အစ်မလှိုင်''
''အတာ့မွေးနေ့ဆို...ကျက်သရေမင်္ဂလာအခါတော်နေ့လေး ပိုင်ဆိုင်ပါစေ...အတာ''
''ကျေးဇူးပါ...ဇာတ်ကားတွေထဲမှာ တစ်ခြားစကားနဲ့ပြောကြတယ်...အစ်မလှိုင် ပြောတတ်သလား''
''Happy Birthday တဲ့...ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ တဲ့...''

ဤသို့ အစပြုခဲ့သည်Where stories live. Discover now