ep-5

2K 170 0
                                    

Uni..

ဒေါက်..ဒေါက်

" သည်းခြာ..သည်းခြာရေ"

ခပ်စိပ်စိပ် နှိုးသံကြောင့် သည်းခြာ လန့်နိုးမိသည်။ သည်းခြာတစ်လျှောက် ဒီလောက်သည် အအိပ်မမက်ခဲ့။

" သည်းခြာ..သည်းခြာ"

ထပ်မံထွက်ပေါ်လာသော အသံကြောင့် သည်းခြာ တံခါးသွားဖွင့်ပေးလိုက်သည်။ တစ်ကယ်ဆို သည်းခြာ တံခါးသော့မခတ်ထားသလို၊ ထိုအမျိုးသမီးသည်လည်း တစ်ဖက်သက်ဆန်စွာနဲ့ အခန်းထဲဝင်မလာခဲ့ပေ။

" ဆောရီး မခင်ဦး တို့ ညက တော်တော်နဲ့အိပ်မပျော်သွားလို့"

" ဟယ် ဟုတ်လား နေရာအပြောင်းလဲကြောင့်များလား၊ ဒုက္ခပါပဲ ခင်ဦးတော့ အားနာစရာဖြစ်အောင် လုပ်လိုက်မိပြန်ပြီထင်ပါတယ်"

" အာ အဲ့လောက်လည်း မဟုတ်ပါဘူး ခင်ဦးရဲ့ ရပါတယ်"

တစ်ကယ်လည်း ဟုတ်သည်၊ အခန်းတံခါးဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် နှာခေါင်းဝထဲတိုးဝင်လာတဲ့ သနပ်ခါးနံ့လေးပင်။ ဒီတစ်ခါတော့ နီညိုရောင်ရင်ဖုံးလေးကို ခေါင်းလောင်းလက်လေးနဲ့ အနားမှာတော့ ဇာလေးတွေနဲ့အလှဆင်ထားသည်။

လက်တစ်ဝါးလောက်ရှိသောအထက်ဆင်ကြီးကတော့ ခင်ဦးရဲ့ ခါးသိမ်သိမ်လေးထက်မှာ ပနံသင့်စွာ။

နက်မှောင်တဲ့တစ်ပတ်လျှိုဆံနွယ်စတွေအပေါ်မှာတော့ ခရေပန်ကုံးတို့ ရှိမနေ၊ ဒါသည်လည်းပဲ အလှတမျိုးဆိုလေမလားမသိ။

" ဒီလိုဆို သည်းခြာ ရေချိုးလိုက်တော့နော် ခင်ဦး ဒီနေ့ပေးရမယ့် ခြင်းတွေပြန်စစ်လိုက်အုန်းမယ် ပြီးမှ မနက်စာစာပြီးသွားကြတာပေါ့နော်"

" ကောင်းပါပြီ"

သည်းခြာ မနေ့ညက အခန်းထဲရောက်သည့်တိုင် တော်တော်နဲ့မအိပ်ဖြစ်သေး။ လတ်တလောသိချင်နေတဲ့ ခင်ဦးရဲ့ ရောဂါအကြောင်းပင်။ ဘယ်သူ့ကို သွားမေးရလဲမသိသလို ကာယံကံရှင်ကိုယ်တိုင်ကကော ပြောပြချင်ပါ့မလားဆိုတာပင်။

အတွေးတို့ကိုနှင်ထုတ်ကာ ရေကိုခပ်မြန်မြန်သာချိုးလိုက်သည်။ သည်းခြာ အဝတ်စားလဲပြီး အောက်ထပ်ဆင်းလာတော့ ထမင်းစားပွဲဝိုင်းတွင် အလုပ်ရှုပ်နေသော ခင်ဦးအနား ကလေးတစ်သိုက်နှင့်။

မတောင်းပဲပေးတဲ့ကတိ မတည်ပဲထားတဲ့သစ္စာ (Completed)Where stories live. Discover now