ep-6

1.9K 159 2
                                    

Uni..

အမှီလိုက်သော်လည်းငြားလည်း သူပြောပြချင်တဲ့နေရာရောက်တော့မှ သည်းခြာဆီက ထီးကိုလက်ပြောင်းယူပြီး ပြောလာသည်။

" လာ သည်းခြာ ဒါ ခင်ဦးတို့ ဖူးနေကြစိန်ဖူးတော်နေရာပဲ"

စည်းခတ်ထားတဲ့နေရာထဲတွင် ကျောက်ဆစ်ခွက်ထဲမှ ရေထဲမှာပုံရိပ်ထင်နေသောဘုရားစိန်ဖူးတော်ကို သည်းခြာ တစ်ဝကြီးရှိခိုးပူဇော်လိုက်သည်။ သေချာစဉ်းစားကြည့်လျှင် သည်းခြာ ဘုရားနဲ့ကင်းကွာနေခဲ့သည်မှာ ဘယ်လောက်တောင်ကြာနေပြီဆိုတာ မပြောတက်တော့။

" ဒီအတိုင်းမော်ဖူးလို့မရဘူးလား မခင်ဦး"

" ခင်ဦးဖတ်ဖူးတာတော့ ရှေးဘုရင်က ဘုရားကို မော်ဖူးရင် ခေါင်းပေါင်းတွေကျွတ်ကျတဲ့အခါကျတော့လေ မင်းတွေရဲ့သိက္ခာတွေပျက်ပြားမယ်ဆိုပြီး သိကြားမင်းက လှံနဲ့ထောက်ခွင်းပြီး ဘုရားကိုဖူးမြှော်နိုင်တဲ့ ရေချိန်ခွက်အဖြစ်ဖန်တီးပေးခဲ့တာတဲ့လေ"

" အော်"

သည်းခြာ နည်းတူ ဘုရားရဲ့ရာဇဝင်တွေကို တစ်ခြားဘုရားဖူးသူတွေအား လိုက်လံရှင်းပြနေတဲ့ ကလေးတွေလည်း သည်းခြာတို့အနားရောက်လာတာမို့ သည်းခြာတို့ ထိုနေရာမှ ထွက်ခွာလာလိုက်သည်။

သည်းခြာ ဒီနေရာမှာသိလိုက်သည်က သူတို့ရဲ့စကားပြောဟန်လေးတွေပင်၊ ရိုးသားသလို ပွင့်လင်းပြီး ချစ်ဖို့ကောင်းသည်ဟုထင်မိသည်။ အထူးသဖြင့် စကားပြောရင်နောက်ဆုံး အဆုံးသတ်ရောက်ရင် လေ.လေ နဲ့ဆုံးတဲ့စကားသံလေးတွေက ဆွဲဆောင်မှုတစ်ခုလိုပင်။၊ ဥပမာ မခင်ဦးရဲ့ လေသံမျိုး။

" ဒါလေးက လှံထောက်ရာ၊ ကျန်စစ်သားရဲ့ မြင်းခွာရာတွေပေါ့လေ"

ပူပြင်းလှသောနေရောင်ခြည်အောက် ကိုယ့်ထက်ခေါင်းတစ်လုံးနှိမ့်နေသော ခင်ဦးမှ ထီးလေးကိုင်ကာ ခပ်လှမ်းလှမ်းမှ လိုက်ဆောင်းပေးနေသည်မို့ ထီးအရိပ်အောက် လစ်ဟနေသော ခင်ဦးရဲ့ နဖူးနဲ့ဆံနွယ်စတစ်ချို့ ချွေးသီးလေးတွေဝဲခိုနေလည်း တစ်ချက်မှမသုတ်။

" ထီးကို တို့ဆီပေးပါ မခင်ဦး ကိုင်ပေးပါမယ်"

" သည်းခြာ ဘုရားရှိခိုးလွှတ်လပ်အောင်ပါကွယ်"

မတောင်းပဲပေးတဲ့ကတိ မတည်ပဲထားတဲ့သစ္စာ (Completed)Where stories live. Discover now