Uni..
အချိန်အားဖြင့် ၁နှစ်။
" ဖွားဖွား..အငယ်လေး အခြေအနေက တစ်ဖြည်းဖြည်းပိုဆိုးလာပြီ"
" မိုက်လုံးကြီးတဲ့ အမိုက်မ"
" အငယ်လေးလည်း ဒီလိုမဖြစ်ချင်ပါဘူး ဖွားဖွားရယ်၊ သူလည်း ကျွန်တော့်ကို ဝန်ခံတဲ့နေ့ထဲက ငိုကြွေးရတာတွေ များနေပါပြီ"
" ဒင်းကိုက ပညာတွေတက်မြောက်ထားပါရက်နဲ့ ဒီလမ်းကိုရွေးချယ်ရသလား"
" အငယ်လေး ဘာလို့ စိတ်ကျန်းမာရေးအကြံပေးချက်ကို လိုင်းပြောင်းလိုက်တယ်လို့ထင်လဲ ဖွားဖွား"
**
" သူ ကျွန်တော့်ကို အဲ့ဒီအကြောင်းဖွင့်ပြောပြီးထဲနောက်၊ တစ်ခြားသူတွေရဲ့စိတ်ကိုနားလည်ပေးနိုင်ဖို့၊ နောက်ပြီး သူ့လိုလူတွေများပါခဲ့ရင် ရဲရဲဝံ့ဝံ့နဲ့ဖွင့်ဟပြောနိုင်ဖို့ လူတစ်ယောက်တော့ရှိသင့်တယ်ဆိုပြီး သူရွေးချယ်ခဲ့တာ ဖွားဖွား"
" အဲ့ဒီတော့ သူ့လုပ်ရပ်က မှန်တယ်လို့ ငါတွေးပေးရမှာလား ဆည်းဆာ၊ တစ်ခြားသူမဟုတ်ဘူး ငါ့မြေး၊ ငါ့မြေးလေ"
" ဟုတ်ပါတယ် ဖွားဖွားမြေးဖြစ်နေလု့ိကို နားလည်ပေးစေချင်တာပါ၊ မခင်ဦးရဲ့အကြောင်းကို ဖွားဖွားစုံစမ်းပြီးနောက် မခင်ဦးတစ်ယောက်ပတ်ဝန်းကျင်မှာ ဘယ်လိုဖြတ်သန်းရလဲဆိုတာ ဖွားဖွားလည်းသိမှာပါ၊ တစ်ခြားသူတွေထက်စာရင် ကိုယ့်ရဲ့သွေးသားကို နားလည်ပေးတာက သူ့အတွက် အားတစ်ခုလိုမဖြစ်စေချင်ဘူးလား ဖွားဖွား"
**//**
သည်းခြာ မှန်တင်ခုံရှေ့အလှပြင်ပြီးနောက် နွမ်းခြောက်စပြုနေသော ခရေပန်းကုံးလေးကို ကောက်ယူကာ နမ်းရှိုက်လိုက်သည်။
" မြေးလေး"
" ဟင် ဖွားဖွား"
" အင်း ဘယ်လိုလဲ နေကောင်းလား မြေးလေး"
" ခ်ခ် ကောင်းတာပေါ့ ဖွားဖွားကလည်း ဒါနဲ့ သည်းခြာ မခင်ဦးဆီ သွားရအုန်းမယ် ဖွားဖွား"
မြေးဖြစ်သူရဲ့ ပြောင်းလဲမှုကြောင့် ရွှေရောင်မှန်ကိုင်းတွေအောက် ဖုံးကွယ်နေတဲ့ မျက်ဝန်းတို့က ကျဆင်းလာမယ့် မျက်ရည်တို့ကို အချိန်မှီမကျစေရန် အလုပ်ပေးနေရသည်။
YOU ARE READING
မတောင်းပဲပေးတဲ့ကတိ မတည်ပဲထားတဲ့သစ္စာ (Completed)
Acciónဒုတိယမြောက် GL လေးပါ။ တစ်ကယ်လို့ အကြိုက်မတွေ့ခဲ့ရင် နားလည်ပေးပါလို့ ပြောပါရစေ။ သျှင်လွန်းငယ်