ep-16

1.8K 141 7
                                    

Uni...

သည်းခြာ အထုတ်အပိုးတွေသိမ်းပြီးသလို၊ အခန်းလေးကိုလည်း တက်နိုင်သလောက်အရင်လို သန့်ရှင်းပေးခဲ့သည်။ ခွဲခွာခြင်းကိုသဘောမကျတာမို့ မနက်ဖြန်လိုက်မပို့စေချင်တာမို့ ဒီညတော့ နှုတ်ဆက်ကာ မနက်စောစေထပြန်ဖို့စိတ်ကူးသည်။

Dock..Dock.

" ဟင် သည်းခြာ အိပ်မပျော်လို့လား"

" အင်း ဒီလိုပါပဲ မနက်ဖြန် ပြန်တော့မယ်ဆိုတော့ ဒီတိုင်း မခင်ဦးနဲ့စကားလေးပြောချင်သေးလို့"

" လာ ဝင်ခဲ့လေ သည်းခြာ"

အရင်ကမြင်ဖူးနေကြအတိုင်း မျက်နှာလေးကပြောင်ရှင်းကာ အကျီလက်ပြက်လေးဝတ်ထားပြီး လျော့ရဲရဲဆံနွယ်လေးတွေနဲ့က မခင်ဦးရဲ့ ညဘက်တစ်ခြားသူတွေမြင်ခွင့်မရှိတဲ့အလှတရားတစ်ခုပင်။

ညဘက်ရောက်တိုင်း စာအုပ်ဖတ်တက်ကြောင်းကို ကုတင်ပေါ်က စာအုပ်လေးက သက်သေ။

" သည်းခြာ ဘာများစိတ်ပူစရာရှိလို့လဲဟင်"

စိတ်ပူစရာ၊ အခုချိန် သည်းခြာ စိတ်ပူတာဆိုလို့ ဖွင့်ဟဝန်ခံခွင့်မရှိတဲ့ ထိုအမျိုးသမီးနဲ့ဝေးရမှာကိုပင်။ သည်းခြာ အခန်းလေးထဲမှာ စရောက်ထဲကသိမ်းထားမိတဲ့ ခရေပန်းကုံးလေးက အခုတော့ ခြောက်ကပ်လွန်းလို့ လက်နဲ့ထိလိုက်တာနဲ့တင် တစ်ချို့သောခရေတွေတောင် ကြွေကျကုန်သည်။

" မခင်ဦး ဒါလေး မှတ်မိလား"

" ဟင် ဘာကိုလဲ သည်းခြာ"

" ဒီခရေပန်းလေးပါ သည်းခြာ ဒီကိုစရောက်တဲ့နေမှာ မခင်ဦးဆီက ရခဲ့တာ၊ ဘာရယ်မဟုတ်သိမ်းထားလိုက်ပေမယ့် အခုတော့ သည်းခြာ ထပ်သိမ်းထားခွင့်မရှိတော့ဘူး ထင်လို့"

" သည်းခြာ သိလား၊ ခရေပန်းဆိုတာ တော်ဝင်မျိုးနွယ်တွေအတွက် မလိုအပ်ဘူးဆိုတာလေ၊ သူတို့မှာ သူတို့ရဲ့တန်ဖိုးနဲ့ညီမျှတဲ့ တစ်ခြားပန်းတွေကိုပဲ မြတ်နိုးလေ့ရှိတာမို့ ဒီ ခရေပန်းလေးကို သည်းခြာ မသိမ်းထားလည်း ရပါတယ်လေ"

" ဒါပေမယ့် မခင်ဦး သည်းခြာ ဒီခရေပန်းကို တစ်ကယ်တန်ဖိုးထားပါတယ်"

မတောင်းပဲပေးတဲ့ကတိ မတည်ပဲထားတဲ့သစ္စာ (Completed)Where stories live. Discover now