Uni..
" ဟင့်..ဟင့်.."
" သမီး..သမီး ယမုံ.ယမုံ"
" ဟင့် မေမေ သမီးလေ..သမီး"
" အိပ်မက်တွေ ထပ်မက်နေပြန်ပြီလား သမီးရယ်"
" ဟင့် မေမေ သမီး အဲ့..အဲ့ဒီကို သွားကြည့်ချင်တယ်"
" အင်း မေမေ လိုက်ပို့ပေးပါမယ် သမီးရယ်"
ဒေါ်ရွှေစင်တစ်ယောက် ရင်ခွင်ထဲမှာရှိုက်ငိုနေတဲ့ သမီးဖြစ်သူကို ဒီတစ်ခါတော့ လျစ်လျူမရှု့နိုင်တော့ပေ။ ကလေးလိုချင်လို့ နည်းမျိုးစုံနဲ့ကြိုးစား ဆုတောင်းနည်းတွေစုံကာမှ နောက်ဆုံး သမီးလေးတစ်ယောက်ကို ပေးသနားခွင့်ရခဲ့တာ။
သနားရင်လာနေခွင့်ပြုပါဆိုတဲ့ စကားကြောင့် ဝမ်းသာအားရလက်ခံလိုက်ပြီးနောက် သမီးလေးကိုကိုယ်ဝန်ရခဲ့သည်။
သမီးလေးကို ကိုယ်ဝန်လွယ်ပြီးနောက် ချဉ်ခြင်းတက်သည့်အရာတွေက ခရေပန်းနံ့ကိုသဘောကျခြင်း၊ ပုန်းရည်ကြီးတွေကို နှစ်ခြိုက်လာခြင်းပင်။
သမီးငယ်မွေးဖွားလာတော့ လက်ကောက်ဝတ်လေးတွင် အစက်သေးသေးလေးတွေပတ်လည်အပြည့်ရှိခဲ့သည်။
ထို့နောက် သမီးလေးကို မွေးဖွားလာပြီး ၁၀နှစ်ကျော်သည်အထိ ဘာမှမထူးခြားပေမယ့် သမီးလေးအသက်အရွယ် ၁၅နှစ်ရောက်လာချိန်ကစလို့ အခုလိုအိပ်မက်တွေရက်ခြားမက်ကာ ငိုကြွေးလာခဲ့သည်။
တက်ကျွမ်းသူတွေကို မေးမြန်းချက်အရ လူဝင်စားလို့သိပေမယ့် တစ်စတစ်စနဲ့ မေ့ပျောက်သွားမယ်ထင်သော်လည်း အချိန်ကြာလာတာနဲ့အမျှ သမီးငယ် ယမုံဖူးကတော့ ထိုသို့မဟုတ်ခဲ့။
အထူးသဖြင့် သမီးငယ်လေး မွေးဖွားတဲ့ သတင်းကျွတ်နေ့ရောက်ခါနီးအချိန်တွေ၊ သတင်းကျွတ်ကာလတွေရောက်တိုင်း အိပ်မက်နွံထဲနှစ်နေတက်သည်။
****
" ကို သမီးလေး ရေရွှတ်နေတဲ့ ခင်ဦးဆိုတဲ့ အမျိုးသမီး အခုချိန်ထိရှိမယ်လို့ယုံကြည်လား"
" အချိန်တွေ ဘယ်လောက်တောင်ကြာခဲ့ပြီလဲဆိုတာ မသိပေမယ့် သမီးလေးရဲ့အိပ်မက်တွေသာ မှန်ခဲ့ရင် ကိုယ်တို့ တစ်ခုခုတော့ သိရမှာပါ မိန်းမရယ်"
YOU ARE READING
မတောင်းပဲပေးတဲ့ကတိ မတည်ပဲထားတဲ့သစ္စာ (Completed)
Actionဒုတိယမြောက် GL လေးပါ။ တစ်ကယ်လို့ အကြိုက်မတွေ့ခဲ့ရင် နားလည်ပေးပါလို့ ပြောပါရစေ။ သျှင်လွန်းငယ်