Uni...
" ဟဲ့ ဝိုင်းစိန် ကြီးကြီးခင်ဦးကို သွားခေါ်တော့လေ လူတွေအရမ်းများလာရင် မကောင်းဘူးဟ"
" အင်းပါတော် အခုပဲသွားတော့မလိုပါ"
" ဝိုင်း..ဝိုင်းစိန်."
" ဟုတ်ကဲ့ ကျွန်မ နာမည် ဝိုင်းစိန်ပါ"
" သည်းခြာ..သည်းခြာလေ ဝိုင်းစိန်"
" အန်တီသည်းခြာက..ဟို"
" အင်း ဟုတ်တယ် အန်တီသည်းခြာပါ"
" ဟင့်..အန်တီသည်းခြာ..အင့်ဟီး.."
အပင်အောက်ဝယ် တစ်ယောက်နဲ့တစ်ယောက်ဖက်ငိုနေတဲ့ သမီးနဲ့ကောင်မလေးကို ဘယ်သူမှမတားမြစ်ကြ။
" ဘယ်..ဘယ်လိုဖြစ်တာလဲ"
" အာ ပြောရရင်တော်တော်ရှည်လိမ့်မယ် ဝိုင်းစိန်"
" ဟင့် ကြီးကြီး..ကြီးကြီးခင်ဦးက အန်တီသည်းခြာကို အခုချိန်ထိစောင့်နေတာ၊ တစ်နေ့ သူ့ကို ခရေပန်းကုံးလေးပန်ပေးလိမ့်မယ်လို့ ယုံကြည်နေတာ"
" သည်းခြာ တောင်းပန်ပါတယ် ဝိုင်းစိန်ရယ်"
" ကြီးကြီးခင်ဦး အန်တီသည်းခြာ ထွက်သွားပြီးထဲက ခရေပန်းတွေကိုမပန်တော့တာ အခုချိန်ထိပဲ"
" ခင်ဦးဆီ လိုက်ပို့ပေးပါလာ ဝိုင်းစိန်"
" ဟုတ် သွားကြတာပေါ့လေ"
*
*
" ဟိုမှာထိုင်နေတာ ကြီးကြီးခင်ဦးလေ"
ယမုံကြည့်လိုက်တော့ ကုလားထိုင်တွင်ထိုင်နေသော လူတစ်ယောက်၊ အနောက်ကကြည့်လိုက်တော့ ဖြူဖွေးနေသော ဆံနွယ်တို့ကို လျော့တိလျော့ရဲစည်းထားသည်။
အလိုက်သိစွာနဲ့ထွက်သွားသော ဝိုင်းစိန်ကို သည်းခြာ မခေါ်ဖြစ်တော့။ တစ်ဖြည်းဖြည်းအနားသို့သွားကာ..
" မခင်ဦး"
နာမည်ခေါ်လိုက်တော့ တစ်ဖြေးဖြေးအနောက်သို့လှည့်ကြည့်လာတဲ့ ပုံရိပ်က ဘယ်သူလဲဆိုတာတွေးတောနေဟန်။
ယမုံ ခင်ဦးရှေ့တွင် ဒူးထောက်ထားရင်းက သေချာကြည့်လိုက်တော့..အရင်က နှစ်ခြိုက်ခဲ့ရတဲ့ မျက်ဝန်းကြည်တောက်တောက်လေးတွေက အခုတော့ အရောင်တွေဖျော့နေခဲ့သည်။
YOU ARE READING
မတောင်းပဲပေးတဲ့ကတိ မတည်ပဲထားတဲ့သစ္စာ (Completed)
Actionဒုတိယမြောက် GL လေးပါ။ တစ်ကယ်လို့ အကြိုက်မတွေ့ခဲ့ရင် နားလည်ပေးပါလို့ ပြောပါရစေ။ သျှင်လွန်းငယ်