Episode _ 1

21K 1.1K 262
                                    

လွန်ခဲ့သော နှစ်ပေါင်းများစွာက
ဘုရင်တစ်ပါးနဲ့ လနတ်ဘုရားငယ်နဲ့က
ချစ်ကြိုက်ခဲ့ကြသတဲ့...

ဘုရင်ကြီးက လနတ်သားငယ်ကို
မြင်မြင်ချင်း စွဲလန်းမိပြီး
ချစ်ကျွမ်းဝင်ခဲ့တယ်..

လနတ်သားငယ်က ခါးထိရှည်တဲ့
ရွှေရောင်‌ဖျော့ဖျော့ ဆံသားတွေ ပိုင်ဆိုင်ထားပြီး ဝင်းအိတဲ့ အသားအရည်နဲ့
မိန်းမလှလေးများကဲ့သို့ လှပတဲ့
ခန္ဓာကိုယ်အချိုးအစားကိုပါ
ပိုင်ဆိုင်ထားတာကြောင့် သိပ်ကို လှပတယ်တဲ့..

ဒါကြောင့် ဘုရင်ကြီးက လနတ်သားငယ်ကို
မြင်မြင်ချင်း ချစ်ကျွမ်းဝင်ခဲ့ပြီး
သူရဲ့အလှမှာ ကျွံ့ဝင်ခဲ့တယ်..

သို့ပေမယ့် လူသားနဲ့ နတ်သားဆိုတဲ့
ကန့်သတ်ချက်တွေကြားထဲ
သူတို့နှစ်ဦးက ပေါင်းစည်းဖို့
ခက်ခဲလွန်းလှတာပေါ့...

သူတို့ဘယ်လိုတွေ့ဆုံခဲ့ကြလဲဆိုရင်..

လနတ်သားငယ်က ရှင်ဘုရင်ဆီကို
ညတိုင်းသွားပြီး ရှင်ဘုရင်
စက်တော်ခေါ်နေတဲ့ အချိန်တိုင်း
ပြူတင်းပေါက်ဘောင်လေးပေါ်
ထိုင်ရင်း ကြည့်နေခဲ့တယ်..

လနတ်သားဟာ ရှင်ဘုရင်ကို
ညတိုင်းထိုသို့ ထိုင်ကြည့်နေခဲ့တယ်..

လနတ်သားဟာ ထွန်းလင်းတဲ့
ရောင်ဝါတွေ ပိုင်ဆိုင်ထားတာကြောင့်
ညရောက်တိုင်း လနတ်သားရဲ့
ကိုယ်ရောင်ကိုယ်ဝါဟာ လမင်းကြီးလို
တောက်ပ သတဲ့..

ထိုကိုယ်ရောင်ကိုယ်ဝါဟာ
ရှင်ဘုရင်ကို သတိထားမိစေခဲ့တယ်..

ရှင်ဘုရင်ဟာ ခေသူမဟုတ်..
ညတိုင်းသူ့အား လာကြည့်တတ်တဲ့
လနတ်သားငယ်ကို သတိထားမိ
ခဲ့တာပေါ့ ။ တစ်နေ့ လနတ်သားကို
မျက်မြင်ဖမ်းဖို့ ညသန်းခေါင်ထိ
မအိပ်ဘဲ အိပ်ချင်ယောင်ဆောင်
နေခဲ့တယ်...

လနတ်သားငယ် လာရောက်ချိန်မှာ
ထုံးစံအတိုင်း ပြူတင်းပေါက်ဘောင်ပေါ်သို့ နူးညံ့စွာထိုင်ကာ ပြုံး၍
ရှင်ဘုရင်အား ထိုင်ကြည့်နေတယ်..

ရှင်ဘုရင်ဟာ ကိုယ်ရောင်ကိုယ်ဝါ၏ တောက်ပတဲ့အလင်းကို မျက်လုံးမှိတ်လျက်နဲ့ပင် ခံစားရတာကြောင့်
လနတ်သားရောက်ရှိပြီဆိုတာ
သိလိုက်တယ်..

❝𝐍𝐎 𝐓𝐈𝐓𝐋𝐄 ❞║ခေါင်းစဉ်မရှိ Completed Where stories live. Discover now