Episode _ 7

5.7K 607 246
                                    

"တွဲရအောင်!"

"အစ်..အစ်ကို အခု..အခု ဘာပြော
လိုက်တာလဲ!"

"ငါတို့ရည်းစားလုပ်ရအောင်
မဟုတ်သေးဘူး ချစ်သူလုပ်ရအောင်။
ငါမင်းကိုသဘောကျတယ်။မေတ္တာရှိ
တယ် ။ သံယောဇဉ်လည်းကြီးတယ် ။
မင်းအတွက်အရာအားလုံးပေးဆပ်
ချင်တယ် ။ငါမင်းကို အများကြီး
သဘောကျနေမိတာ
Jungkookie..မင်းနဲ့မတွေ့ရတဲ့
ရက်တွေအတွင်း ငါမင်းကြောင့်
ရူးတော့မလိုပဲ ။ ငါလုပ်ရပ်က မင်းရဲ့
မာနကိုထိခိုက်သလို ဖြစ်သွားခဲ့
တာကြောင့် မင်းစိတ်ဆိုးမှာ ၊မင်းငြိုငြင်မှာ
စိုးလို့ ငါမင်းအရှေ့ထက်ပြီး
မပေါ်လာရဲဘူး ဖြစ်နေခဲ့တာ ။အခု
မင်းကိုမမြင်ရမတွေ့ရရင် စားမဝင်
အိပ်မပျော်လို့ ။ မင်းကိုတောင်းပန်ရင်း
မင်းကို လက်လွှတ်မခံနိုင်လို့ တစ်ခါတည်း လာဖွင့်ပြောတာ "

အစ်ကို့၏ စကားများကြောင့်
တစ်ကမ္ဘာလုံးရပ်တန့်သွားသလိုပင်
ခံစားလိုက်ရသည် ။"ငါမင်းကိုသဘောကျတယ်။ ငါမင်းကိုမေတ္တာရှိတယ် "
ဟူသည့်စကားများကိုသာ ထပ်ခါ
တလဲလဲ ပြန်လည်ကြားယောင်းနေရင်း
ကျောက်ရုပ်သဖွယ် တောင့်တောင့်
ကြီးရပ်နေမိတော့သည်။

အခု နားကြားများမှားတာလား ။
အိပ်မက်ပဲ မက်နေတာလား။
အစ်ကိုက သူ့ကိုတကယ်ပဲ ဖွင့်ပြော
လာတာလား။
မဟုတ်သေးဘူး! အသိတရားဝင်စမ်း
ဂျွန်ဂျောင်ဂုရေ ! အသိတရားဝင်စမ်း!
အိပ်မက်ပဲဖြစ်ဖြစ် လက်တွေ့မှာပဲဖြစ်ဖြစ်
အစ်ကိုဖွင့်ပြောလာခြင်းက လက်လွှတ်
မခံသင့်တဲ့ အခွင့်အရေးတစ်ခု ။
သူကိုယ်တိုင်က အစ်ကို့ကိုဘယ်လောက်တောင် သဘောကျနေခဲ့ရလဲ..။

အိပ်မက်ဖြစ်နေခဲ့ရင်တောင် အစ်ကိုနဲ့
ချစ်သူဖြစ်နိုင်မည့် အခွင့်အရေးဖြစ်သော
ကြောင့် သူလည်းပြန်ဖွင့်ပြောရမည် ။

"အစ်ကို..အခု..ကျွန်တော့်ရင်ဘတ်ကြီး
ပေါက်ထွက်မလိုပဲ သိရဲ့လား ။ ကျွန်တော် အစ်ကို့ကို သဘောကျနေခဲ့တာကြာပြီ
သိရဲ့လား...။ ကျွန်တော်ကသာ
တောင်းပန်ရမှာ ကျွန်တော်အစ်ကို့အပေါ်
ပြောတာလွန်သွားခဲ့တယ် ။ အစ်ကို့ကို
စိတ်ထိခိုက်စေခဲ့ရလို့
တောင်းပန်ပါတယ် ။ ကျွန်တော်လေ
အခုပျော်လွန်းလို့..ပျော်လွန်းလို့
ဘာလုပ်ရမှန်းတောင် မသိတော့ဘူး..."

❝𝐍𝐎 𝐓𝐈𝐓𝐋𝐄 ❞║ခေါင်းစဉ်မရှိ Completed Where stories live. Discover now