Episode _ 22

4.9K 513 67
                                    

"သတိထားအုံး ကြားလား Jungkookie..သူမင်းကိုမကျေနပ်ရင် ဘယ်လိုလုပ်မလဲ။ ဂရုစိုက်.."

တီဗီကြေညာနေသည့် သီတင်းအားကြည့်ပြီး သူ့စိတ်ထဲမတင်မကျဖြစ်နေတာကြောင့်ဂျီမင်သည် ဂျောင်ဂုအား မင်ယူချွန်းကိုသတိထားရန် ပြော၏။ ဂျောင်ဂုက ခေါင်းတဆတ်ဆတ်ငြိမ့်ပြ၍ ပြန်ပြောသည်။

"သိပါတယ်ဗျာ.."

"မင်းသာတစ်ခုခုဖြစ်ရင် ငါရူးမှာ..အကယ်၍ ငါတို့အသက်တွေကြီးပြီး ဘဝနိဂုံးရောက်ရင်တောင် ငါကအရင်ထွက်သွားချင်တာ"

ဟုတ်ပါသည်။သူ Jungkookieကိုပဲ အရင်ထားခဲ့မှာ သူကျန်ခဲ့လို့မဖြစ်ဘူး။jungkookieသာသူ့ကိုထားခဲ့ရင် ခံစားနိုင်မှာမဟုတ်ဘူး။ထားရစ်ခဲ့သူထက် ကျန်ရစ်ခဲ့သူက ပိုနာကျင်ရတာ ထုံးစံမဟုတ်လား။

ဂျောင်ဂုက ဂျီမင့်အား မာန်လိုက်သည်။

"မဟုတ်ကဟုတ်ကတွေမပြောနဲ့! အခုမှ ၃၀တောင်မပြည့်သေးဘူး။ ဒါနဲ့ မင်ယူချွန်း ထောင်ကျတာကို မသိရအောင် ဘာ်ကိုရောက်နေလို့လဲ"

"နယူးဇီလန် ရောက်နေခဲ့တာ။ သားကို ဘန်ကောက်မှာ မွေးပြီး ကလေး ၁နှစ်ကျော်မှ နယူးဇီလန်ပြောင်းခဲ့တယ်။ အမှန်တိုင်းပြောရရင် ငါကိုရီးယားကိုပြန်လာဖို့ အားအင်မရှိခဲ့ဘူး။ မင်းကြောင့်ဆိုတဲ့ စိတ်နဲ့ငါနေ့တိုင်းငိုနေခဲ့ရတာ..အိမ်ကိုခြေချတိုင်း ပြဿနာဖြစ်ခဲ့တဲ့အချိန်က မြင်ကွင်းတွေပဲ ပြန်မြင်ယောင်နေမိပြီး အရမ်းနာကျင်ရလို့..။အဲ့ဒါနဲ့ပဲ ဂျွန်ပေါက်စလေး ၃နှစ်လောက်ကြမှ ကိုရီးယားကိုပြန်ခြေချခဲ့တာ..သားကိုမူကြိုလည်းပို့ရမယ်ဆိုတော့ ကိုရီးယားကိုအပြီးပြန်လာခဲ့တာ"

"ဘာလို့ကားမောင်းပြိုင်ပွဲတွေမှာ ရှုံးတဲ့ဘက်ကလောင်းတာလဲ"

ဂျောင်ဂု ဒါကိုသိချင်နေခဲ့တာကြာပြီ။ ယခုစကားဆက်မိမှသာ သူမေးဖြစ်တော့တယ်။

"အရှုံးဆိုတာလည်း တန်ဖိုးရှိကြောင်း ပြချင်လို့..တမင်သက်သက် ရှုံးနိုင်တဲ့လူဘက်ကလောင်းတာ"

"အဆန်းပဲ"

"ငါမင်းကို လိုက်ရှာခဲ့တယ်။ငါတို့အရင်နေခဲ့တဲ့တိုက်ခန်းလေးမှာလဲ ရှာတယ်။ဒါပေမယ့် ငါသွားတိုင်းသော့ခတ်ထားတာ တွေ့လို့ မင်းပြောင်းသွားပြီထင်ခဲ့တာ။တိုက်တိုက်ဆိုင်ဆိုင် အဲ့နေ့က မင်းနဲ့ပြိုင်ကွင်းမှာ ပြန်တွေ့တာ..ငါ‌ရင်တွေခုန်လိုက်တာဆိုတာ စိတ်ငြိမ်ဆေးတောင် သောက်ယူရတယ်.."

❝𝐍𝐎 𝐓𝐈𝐓𝐋𝐄 ❞║ခေါင်းစဉ်မရှိ Completed Where stories live. Discover now