Episode _ 8

4.7K 537 80
                                    

"Jungkookie..Jungkookie!"

တိုက်ခန်းထဲသို့ဝင်လာသည်နှင့်
တပြိုင်နက်တည်း အသံစူးစူးလေးက
ခြေလှမ်းထက်အရင်ရောက်ပြီးသားပင်။

အိပ်ယာပေါ်လှဲကာ ဝတ္ထုဖတ်နေသည့်
ဂျောင်ဂုအပေါ် မှောက်လျက်ပစ်လှဲ
ချလိုက်ပြီး ဖားလေးလိုကပ်တွယ်
ထား၏ ။
ဂျောင်ဂုသည် ဖတ်နေသော စာအုပ်ကို
ဘေးသို့ချကာ မတွေ့ရတာကြာပြီ
ဖြစ်သည့် ဂျီမင်အား ထွေးပွေ့ကာ
ပြန်ဖက်ထားလေသည် ။

"Jungkookie မနက်ဖြန် မင်းကို
အစ်ကိုလတ်နဲ့ မိတ်ဆက်ပေးမယ်"

"အစ်ကို့ရဲ့အစ်ကိုလတ်က က
ပြန်ရောက်လာတာလား"

"ဟုတ်တယ် မနေ့ကမှ ပြန်ရောက်တာ
သူ့ရည်းစားလည်းပါတယ်သိလား..
သူ့ရည်စားက အရမ်းချောတာပဲ
လုံးဝ အရုပ်လေးလိုပဲ ။ ဒါပေမယ့်
သူက အစ်ကိုလတ်ထက်အရပ်ရှည်တယ်
ထွားလည်းထွားတယ်..။
တော်တော့်ကို ချောတာပါ
အစကတော့ အစ်ကိုလတ်ကို နှမြော
ပေမယ့် ဒီလိုအချောလေးနောက် ပါသွားတော့လည်း စိတ်ချသွားပြီ"

ဂျီမင်၏ အမွှန်းတင်ပြောဆိုနေသော
စကားများကြောင့် ဂျောင်ဂု
မျက်မှောင်ကျုံ့သွားသည် ။

"ကျွန်တော် နဲ့ သူနဲ့ ဘယ်သူပိုချောလဲ"

"သေချာပေါက် မင်းပေါ့..
မင်းက ကမ္ဘာပေါ်မှာအချောဆုံးပဲ
မင်းတောင် မင်းလောက်မချောဘူး
ငါ့ကောင်လေးက အခန့်ညားဆုံးပဲ"

ဂျောင်ဂုသည် ဂျီမင်ဆီမှ သူလိုချင်သည့်
အဖြေရသွားတာကြောင့် ကျေနပ်သွားပြီး
သဘောတကျပြုံးလိုက်သည် ။
ရင်ဘတ်ပေါ် ကပ်နေသည့်
အသေးလေးကို ဘေးစောင်းလှည့်
လိုက်ကာ သိမ်းကြုံးဖက်သည့်အခါ
ရင်ခွင်ထဲသို့တိုးဝင်ကာ ပြန်ပွေ့ဖက်သည်။

"ငါဆံပင်ဆေးဆိုးမလို့..ခရမ်းရောင်လေး
ဆိုးမှာ "

"အစ်ကို့ဆံသားတွေ ပျက်စီးကုန်ရင်
ဘယ်လိုလုပ်မလဲ"

"ငါခရမ်းရောင်ကြိုက်တယ်..
ဖြစ်နိုင်ရင် တစ်ကိုယ်လုံး ခရမ်းရောင်
ဖြစ်ချင်တာ"

ဂျီမင်ထိုသို့ပြောသည့်အခါ ဂျောင်ဂုက
ရယ်သည် ။
သူ အစ်ကို့ကို ခရမ်းရောင်လို့ မြင်ယောင်
ကြည့်လိုက်တဲ့အခါ ခရမ်းရောင်ဆန်မုန့်
လေးကိုပင် ပြေးသတိရမိသွားသည် ။
တကယ့်ကို ကိုက်စားချင်စရာကောင်း
နေတော့မှာ!

❝𝐍𝐎 𝐓𝐈𝐓𝐋𝐄 ❞║ခေါင်းစဉ်မရှိ Completed Where stories live. Discover now