Episode _ 24(ဇာတ်သိမ်း)

9.4K 666 93
                                    

"စစ်နတ်ဘုရားယောလ်သည် နတ်ဘုရားတို့ဝင်မစွက်ဖက်သင့်သော လူ့အရေးကိစ္စတွင် ဝင်စွက်ဖက်ကာ လူသားတို့၏ကံကြမ္မာကို ကမောက်ကမ ဖြစ်စေခဲ့သည်။ ကြီးလေးသောအပြစ်ဒဏ်ကို ကျူးလွန်ခဲ့သော စစ်နတ်ဘုရားအား နတ်သက်ကြွေစေသည့် အပြစ်ဒဏ်အား စီရင်သည်"

နတ်ဘုရားများစုဝေးရာ ညီလာခံအလယ်တွင် ယောလ်သည် ဒူးထောက်ကာ သူ၏အပြစ်ဒဏ်အားကျေနပ်စွာ ခံယူရန်အသင့်ရှိနေသည်။နတ်ဘုရားတို့၏ အပြစ်တို့တွင် လူသားနှင့်ပက်သက်ဆက်နွယ်နေသော အပြစ်တို့က အကြီးမားဆုံးဖြစ်၏ ။ယောလ်သည် နတ်သက်ကြွေရမှန်းသူအတပ်သိသော်လည်း အေးချမ်းစွာ ပြုံးနေခဲ့သည်။ အချစ်ဆိုတာ မီးလိုပူတတ်သလို ရေထက်ပင် အေးချမ်းရသည့်အရာမျိုးပင်။

"အပြစ်ဒဏ်အား ကျွန်ုပ်ကျေနပ်စွာ လက်ခံပါသည်"

"ပြစ်ဒဏ်မစီရင်ခင် လိုရာဆုတောင်းဆိုပါ.."

"ကျွန်ုပ်စစ်နတ်ဘုရားသည် တစ်ချိန်က ချစ်ရပါသော လနတ်ဘုရားမင်‌အပေါ် ကျိန်စာတိုက်ခဲ့မိပါသည်။နောက်ဆုံးဆုတောင်းမှာ လနတ်ဘုရားမင်သည် ကျွန်ုပ်၏ကျိန်စာအတွင်းမှ လွတ်မြောက်ပြီး အချစ်စစ်အချစ်မှန်နှင့်တွေကာ သက်ဆုံးတိုင်ပေါင်းဖက်၍ပျော်ရွှင်ရပါစေ.."

"အသင့်၏ဆုတောင်းက ပြည့်ပါလိမ့်မည်"

နတ်ဘုရားတိုင်းဟာ နတ်သက်မကြွေခင် တောင်းဆုတစ်ခုပြု၍ရသည်။ ထိုတောင်းဆုသည် အမှန်ပင်ပြည့်၏။ ယောလ်သည် သူ့အတွက်ဆုတောင်းပေးခဲ့သော မင့်၏တောင်းဆုကြောင့် တစ်ဖန် မင့်အတွက် ပြန်ဆုတောင်းပေးခဲ့သည်။

ထို့နောက်ယောလ်သည် လင်းလက်သော ဝတ်မှုန်စလေးတွေအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

အချစ်တွေက ခေါင်းစဉ်မရှိလောက်တဲ့အထိ ခမ်းနားခဲ့သလို..
သံ‌ယောဇဉ် တွယ်ငြိရာလေးတွေကလည်း လှပခဲ့သတဲ့...
______________________________

"သရုပ်ဆောင်မင်ယူချွန်းကို တောင်ခြေမှာ သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။လွန်ခဲ့‌တဲ့ ၂ပတ်က ထောင်မှထွက်ပြေးလွတ်မြောက်သွားသည့် သရုပ်ဆောင်မင်ယူချွန်းရဲ့ ဒဏ်ရာများစွာနဲ့သေဆုံးနေတဲ့ရုပ်အလောင်းကို ယနေ့မနက် ‌***တောင်ခြေမှာ သက်ဆိုင်ရာရဲအဖွဲ့များက ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။မည်ကဲ့သို့ သေဆုံးသွားကြောင်းကို ဆက်လက်စုံစမ်းမှု့များပြုလုပ်နေပြီး ရုပ်အလောင်းမှာ သေနတ်နှင့် ဘိန်းအနည်းစုတွေ့ရှိခဲ့တယ်လို့ သိရပါတယ်.."

❝𝐍𝐎 𝐓𝐈𝐓𝐋𝐄 ❞║ခေါင်းစဉ်မရှိ Completed Where stories live. Discover now