Episode _ 2

8.2K 840 52
                                    

အချစ်တစ်ခုဟာ ဘဝဆက်တိုင်းတည်မြဲနိုင်ပေမယ့် ဘဝဆက်တိုင်း ချစ်ရသူနဲ့
ပေါင်းဖက်နိုင်ပါ့မလား...
"ချစ်တိုင်းလည်း မပေါင်းဖက်နိုင်ဘူး"
ဆိုတဲ့စကားက စကားသက်သက်မှ
မဟုတ်ခဲ့တာ..

ဘဝဆက်တိုင်း ချစ်ခဲ့အချစ်တွေက လှ‌ပပေမယ့် အဆုံးသတ်တွေက
လှပနိုင်ပါ့မလား..
လက်တွေ့ဘဝမှာ အချစ်ဆိုတာ
ဗိုင်းရပ်စ်လေး တစ်ကောင်လိုပဲ.
ဗိုင်းရပ်စ်လေးကို သတိထားပြီး
ရှောင်တဲ့လူနဲ့ ဗိုင်းရပ်စ်ကို သေးငယ်လွန်းတယ်ဆိုပြီး ဂရုမထားတဲ့လူရယ်..
အချစ်ဆိုတာ တစ်ချို့လူတွေအတွက်
အလေးထားစရာ ဆိုပေမယ့်
တစ်ချို့လူတွေအတွက်တော့
သေးမွှားတဲ့
အရေးမပါတဲ့ အရာပဲ...။

ကြက်သွေး‌ရောင်ပိတ်သားပေါ်တွင် ရွှေရောင်
နဂါးအသွင်သဏ္ဍန် ကနုတ်ပန်းစိတ်တို့
ရှိသည့် လေ့ကျင့်ရေးဝတ်စုံကို
ဝတ်ဆင်ထားသည့်
ဘုရင်မင်းမြတ်ဂျွန်..။

ကျယ်ပြန့်သော ပုခုံး ၊ ရှည်လျားသော အရပ် ၊ သပ်ရပ်စွာ မြှောက်စီးထားသော
ဆံသားနှင့်အတူ ရှင်းလင်းစွာ ပေါ်နေသည့် ယောင်္ကျားဆန်ဆန်မေးရိုး ။
ပိရိကာ ခပ်တင်းတင်းစေ့ထားသော
နှုတ်ခမ်းပါး အပြင် သူ၏မျက်ဝန်းဝိုင်း စူးရှနေသည်။ လေပြေ၏
တိုက်နှုန်းလေးကြောင့်
နဖူးပေါ်သို့ ဆံခြည်မျှင်လေးတွေ
ကျူးကျော်နေ၏။

အနားတွင်ရွှေရောင်ကနုတ်တို့
ကွတ်ထားသည့် ဓားရိုးကို တင်းကြပ်စွာ
ကိုင်ထားသည် ။
ဓားသွားပြင်ပေါ်တွင် ဟန်းဂျာစာလုံးများဖြင့်“နေမင်း၏သားတော် ၊ နေရောင်ခြည်၏အလင်းကို ဆောင်သူ ၊ ရဲရင့်ခြင်းနိမိတ်၏ ကိုယ်စားပြုသူ” ဟု ထွင်းထားသည် ။ထိုထွင်းထုထားသည့် စားလုံးများသည် ရွှေရောင်ဖြစ်ပြီး ဓားသွားသည်နေရောင်အောက်မှာတောင် လက်ခနဲတောက်ပနေသည် ။

ဘယ်လက်တွင် ဓားအိမ်ကို
ကိုင်စွဲထားပြီး ညာလက်တွင် ဓားရိုးကို
ကိုင်ထားသည့် ဘုရင်မင်းမြတ် ဂျွန် သည် ရဲရင်ခြင်း၏ ကိုယ်စားပြုသူ
ဟု ခေါ်ထိုက်ရလောက်အောင်
ရဲရင့်ပြတ်သားလှသည် ။

ထယ်ယန်းအင်ပါယာ တစ်ခုလုံးတွင်
ဘုရင်မင်းမြတ်ဂျွန်အား ယှဉ်နိုင်သည့်
ဓားသမား ၊ သိုင်းသမား နှင့်
အခြားအတိုက်အခိုက်တတ်ကျွမ်းသူ
မရှိပေ ။ ထယ်ယန်းအင်ပါယာတစ်ခုလုံးရဲ့အတိုက်အခိုက်အကျွမ်းကျင်ဆုံးလူသည် ဘုရင်မင်းမြတ်ဂျွန် ပင်
ဖြစ်သည် ။

❝𝐍𝐎 𝐓𝐈𝐓𝐋𝐄 ❞║ခေါင်းစဉ်မရှိ Completed Where stories live. Discover now