Episode _ 14

3.7K 474 86
                                    

"သား အဖေ့အခန်းထဲက နာရီတွေ့သေးလား"

"သား အဖေ့အလုပ်ခန်းထဲ မရောက်ဖြစ်တာတောင်ကြာပြီ ။ ဘယ်လိုနာရီလဲ အဖေ"

"အညိုရောင်လက်ပတ်နဲ့ ရွှေရောင်ဒိုင်ခွက်နဲ့ နာရီလေ။ ဟိုတစ်ခါအဖေ့မိတ်ဆွေနဲ့သွားတွေ့တုန်း ပေးခဲ့တာ ။ သားတောင်ရှိသေးတယ်မလား Limited editionမို့လို့ သိန်းရာကျော်လောက်တန်တယ်"

"ဒေါ်ကြီးရေ ဒေါ်ကြီး!"

ဂျီမင်အော်ခေါ်လိုက်သည့်အခါ အိမ်အကူဒေါ်ကြီးက မီးဖိုချောင်မှအမြန်ထွက်လာသည်။

"အဖေ့အခန်းရှင်းတုန်းက နာရီတွေ့သေးလား"

"ဘယ်လိုနာရီမျိုးလဲဟင်"

"အညိုရောင်နာရီ ဘူးနဲ့ထည့်ထားတာ"

"ရွှေရောင်ဒိုင်ခွက်နဲ့လား"

"ဟုတ်တယ် ဒေါ်ကြီး"

"မနေ့ကမနက်က သခင်ကြီးအခန်းကိုသန့်ရှင်းရေးလုပ်တုန်းက စားပွဲပေါ်မှာပဲတင်ထားတာပါ"

"ငါအခုမနက်ရှာတာ ဘယ်မှာမှမတွေ့ဘူး"

အဖေ၏စကားကြောင့် ဒေါ်ကြီးကိုသာထပ်ရှာခိုင်းရန်ပြောလိုက်သည်။ အဖေက အသက်ကြီးပြီဆိုတော့ မတွေ့မိတာလည်းဖြစ်နိုင်ပါတယ်။

"ဒေါ်ကြီး တစ်ချက်လောက်ရှာကြည့်ပေးပါလား.."

"ဒေါ်ကြီးရှာကြည့်ပေးမယ်"

ဒေါ်ကြီးက အဖေ့အလုပ်ခန်းထဲဝင်ကာရှာနေတော့ သူလည်းမနေသာတော့ဘဲ ဝင်ရှာရတော့သည်။ တစ်ခန်းလုံးနှံ့စပ်အောင်ရှာဖွေသော်လည်း အစအနတောင်မတွေ့တာကြောင့် အဖေ့အိပ်ခန်းတွေပါထပ်ရှာကြည့်သည်။ သို့သော်လည်းမတွေ့..။

နာရီတစ်လုံးရဲ့ တန်ဖိုးကမသေးလှသဖြင့် ပျောက်ပါစေဆိုပြီးထားလို့လည်းမရ။အဖေကလည်း စည်းကမ်းမရှိသူမဟုတ် ။ ပစ္စည်းတွေကို စနစ်တကျထားတတ်ပြီး မှတ်မိတဲ့လူမျိုး။တစ်အိမ်လုံးမှာ သူရယ် ၊အစ်ကိုကြီးရယ် ၊အဖေရယ်၊ဂျောင်ဂုရယ် ၊ အိမ်အကူနှစ်ယောက်နဲ့ အဒေါ်ကြီးရယ်ပဲ ရှိတာ။ နာရီက အထားမမှားရင်ပျောက်စရာအကြောင်းမရှိ ။

"နာရီက အရမ်းတန်ဖိုးကြီးလို့ ခိုးသွားရင်ဘယ်လိုလုပ်မလဲ"

ဒေါ်ကြီးက နာရီရဲ့တန်ဖိုးကိုသိသွားတာကြောင့် စိုးရိမ်တကြီးပြောလာသည်။ဂျီမင်ကသံသယဝင်လာပြီးပြန်ပြောသည် ။

❝𝐍𝐎 𝐓𝐈𝐓𝐋𝐄 ❞║ခေါင်းစဉ်မရှိ Completed Where stories live. Discover now