part-6

327 56 11
                                    

Yoshi's side

3 days ago

''ti!''

Ph ထဲကိုဝင်လာတဲ့ Message တစ်စောင်ကို Yoshi တမ်းယူကြည့်လိုက်၏။

ဒိုယောင်းနဲ့ နောက်ကျောဝိုးတိုးဝါးတားလေးသာမြင်ရတဲ့လူတစ်ယောက် ရဲ့ပုံ။

'ကိုကို့ကိုလည်းဘာမှမပြောပါလား ဒို..
အလုပ်ပြီးရင်လာကြိုနေကျလူ အကြောင်း'

End

**************

Yoshi အတွေးတွေကိုဖယ်ရင်း ဘေးမှာ ရုပ်ရှင်ကြည့်နေတဲ့ Doyoung ကို ကြည့်လိုက်မိသည်။

ရုပ်ရှင်ကရယ်ရလို့လားတော့မသိဘူး တခစ်ခစ်နဲ့ရယ်နေတာ အပြစ်ကင်းစင်လွန်းပါသည်။
ဒီကလေးလေးက ကျွန်တော့်အပေါ်ဘာလို့အဲ့လိုလုပ်ရမှာလဲလေ ဟုတ်တယ်မလား ငါအတွေးလွန်နေတာပါ
အချိန်ပိုင်းအလုပ်ထွက်ခိုင်းလိုက်ရင်အားလုံးအဆင်ပြေသွားမှာပါ

ဘာပဲဖြစ်ဖြစ် နောက်လူရှိခဲ့ရင်တောင်အဲ့လူက သူဖြစ်နေလို့တော့မရဘူး

"ကိုကို..''

"အင်း..''

"ဘာဖြစ်လို့လဲ မျက်နှာလည်းမကောင်းပါလား''

"အာ နည်းနည်းပင်ပန်းလို့ဖြစ်မယ် ''

"ဟုတ်လား ဒါဆိုလည်းအိမ်ပြန်နားလိုက်ပါလား''

"ရပါတယ်..ကိုကိုအဆင်ပြေတယ်. ''

"ဟုတ်လို့လား ကိုကိုရယ်.. ''

ပြောပြီးနှဖူးကိုလာစမ်းကြည့်နေတာကြောင့် Yoshi ခပ်ဖွဖွပြုံးလျက်

"ဟော်လ် ကိုကို ဘာမှမဖြစ်ပါဘူး ရုပ်ရှင်တောင်ဘယ်ရောက်ပြီလဲ.. ''

စကားလွှဲလိုက်မှ အာရုံပြောင်းသွားတဲ့ကောင်လေးကို ချောင်းကြည့်ပြီး အသံတိတ်သက်ပြင်းချမိသည်။

___________________________

At uni

Yoshi နဲ့ Jihoon တူတူမထိုင်ဖြစ်
Jihoonက လာမထိုင်တော့တာဖြစ်သည်။ အကြောင်းရင်းကကို Yoshi လည်းသေချာမသိ။

အတန်းချိန်ပြီးတာနဲ့Yoshi Jihoon ရှိရာဆီထွက်လာလိုက်ပြီး

"ParkJihoon ''

"အွန်း''

"ဘာဖြစ်နေတာလဲ''

"ဘာကလဲ''

Game Over [Completed]Where stories live. Discover now