part-11

269 62 10
                                    

ဒိုယောင်း စားပွဲပေါ်ကဆေးဘူးလေးကိုကိုင်ကြည့်ရင်း

*ဒီဆေးတွေမသောက်ဖြစ်တော့တာ ၂ပတ်နီးပါးရှိပြီ ဘာမှမမှတ်မိလာတဲ့အပြင် ခေါင်းအရမ်းကိုက်လို့ ဒီအ​ကြောင်းတွေ အစ်ကို့ကိုတော့မ​ပြောဖြစ်။ သတိရလာအောင်အထောက်ကူဖြစ်စေဖို့ အစ်ကိုယူလာပေးတာဆိုပေမယ့် သတိမရလည်း ဘာအရေးလဲ အစ်ကိုပြောသလိုပဲ အစ်ကို့အနားမှာရှိနေရင်ရပြီပဲမလား *

အိမ်ရှေ့က ကားသံကြောင့် ဒိုယောင်းအတွေးထဲရှင်းပြစ်လိုက်ပြီး အပြင်ထွက်လာခဲ့တယ်

"အစ်ကို ''

"အင်း ဒိုယောင်း ''

"ဒီနေ့အစောကြီး ပြန်လာတာပဲ ''

Jihoon ကခေါင်းငြိမ့်ပြရင်း ရုတ်တရက် ဒိုယောင်းပုခုံးပေါ်မျက်နှာအပ်လိုက်သည်။

ဒိုယောင်းလည်း ထောင့်ခဲသွားတဲ့ကိုယ်လေးနဲ့ မရဲတရဲ Jihoon ကျောပြင်တွေသိုင်းဖက်ထားလိုက်သည်။

အတော်ကြာတဲ့ထိ Jihoon ကဘာစကားမှမပြောဘဲ ဒီအတိုင်း နေနေတုန်းပဲမလို့..

"အစ်ကို စိတ်ပင်ပန်းစရာများရှိလို့လား ''

Jihoon ခေါင်းပြန်ထောင်လာပြီး ဒိုယောင်းကိုတည့်တည့်ကြည့်လျက်။

*ဒီအတိုင်း လေးအမြဲရှိနေရင်ကောင်းမှာ မင်းသိပ်ချစ်ရတဲ့ တစ်ဦးထဲသောသူလို့ ငါ့ကိုသိထားပြီး ငါ့မျက်နှာကိုပဲ ကြည့်နေပါ ဒိုယောင်း ငါမင်းကိုမချစ်ပေမယ့် ပိုင်ဆိုင်ချင်တယ် *

စိုက်ကြည့်နေပြီးဘာစကားမှမဆိုလာတဲ့ Jihoon ကြောင့် Doyoung အသံပြုလိုက်ရသည်။

"အစ်ကို.... ''

"အော် အင်း  ကျောင်းမှာနည်းနည်းပင်ပန်းခဲ့လို့ ရေသွားချိုးတော့မယ် ''

ပြောပြီးရေချိုးခန်းဘက်သို့ဦးတည်သွားလေသည်။

_____________________________

ဒိုယောင်း အိမ်နောက်ဖေး က ရေကူးကန် ဘေးက လေသာဆောင်မှာထိုင်လျက် လက်ထဲကစာအုပ်ကိုပဲ အာရုံစိုက်နေလိုက်သည်။

"KimDoyoung!!!!!!! "

အစ်ကိုရဲ့ ဒေါသတကြီးခေါ်လာတဲ့အသံကြောင့် ဒိုယောင်းကိုယ်လေးဆက်ခနဲပင်တုန်တက်သွားလေသည်။

Game Over [Completed]Where stories live. Discover now