part-13

308 57 5
                                    

ဘာလို့ပိုင်ဆိုင်ချင်ရတာလဲလို့မေးရင် သေချာပေါက်အဖြေက မုန်းလို့။ အရံလူဖြစ်ရတာမုန်းလို့ လူပိုဖြစ်ရတာမကြိုက်လို့
ဒါပေမယ့် အခုကရော သတိမထားလိုက်မိခင်မှာပဲ နာကျင်ရတယ် ဒီရင်ဘက်တစ်နေရာ က အောင့်သပ်သပ်ခံစားချက်တွေ။ သူ့ကြောင့်ဖြစ်ပေါ်လာတဲ့ အဲ့ထူးဆန်းတဲ့ခံစားချက်တွေက တစ်နေ့ထက်တစ်နေ့ ပိုပြီးလေးနက်လာရတယ်။အဲ့လိုဆိုရင််ရော အဖြေက အရင်ကနဲ့ထပ်တူကျဦးမလား ဒါမှမဟုတ်ဆန့်ကျင်ဘက်ပြောင်းသွားမလား။

"အစ်ကို..''

နွေးထွေးတဲ့အသံ အစ်ကိုလို့ခေါ်တဲ့ အဲ့နာမ်စားလေးကိုပင် အမြဲတမ်းကြားချင်မိသည်။ မင်းနှုတ်ဖျားက အစ်ကို ဆိုတဲ့နာမ်စားတစ်ခုသာ ငါ့တစ်ယောက်ထဲအတွက်ထွက်ပေးမလား။...

"အစ်ကို.. ''

Doyoung နောက်တစ်ခါထပ်ခေါ်လိုက်မှ အတွေးတွေရပ်တန့်သွား၏။

"အင်း..ပြော ''

"ဖုန်းလာနေတယ်လေ ''

Doyoung က စားပွဲပေါ်ကမော့ငေါ့ပြီးပြောလိုက်မှ ဖုန်းကိုကြည့်လိုက်မိတယ်။ ကိုယ့်အတွေးနဲ့ကို ဖုန်းကိုအာရုံမရှိ။

"အင်း... ''

တစ်ဖက်က ဘာပြောလိုက်လဲမသိပေမယ့် အစ်ကိုမျက်နှာသိသိသာသာပျက်သွား၏။

ခဏနေတော့ဖုန်းချလိုက်ပြီး။

"အစ်ကိုအဆင်​ပြေ....''

စကားမဆုံးခင်ပဲ ကျွန်တော့်ပုခုံးပေါ်မျက်နှာအပ်လာသော အစ်ကို့ကြောင့် ကျောကိုသာ ပုတ်ပေးမိသည်။ ဝမ်းနည်းတတ်သူမဟုတ်ပေမယ့် စိတ်မသက်သာတဲ့အခါတိုင်း ကျွန်တော့်ပုခုံးပေါ်မှာမျက်နှာအပ်ပြီး နေတတ်တာက အကျင့်တစ်ခု။ အစ်ကို့ကို ဝမ်းနည်းစရာတွေကိစ္စကိုမခံစားစေချင်ဘူး။ အစ်ကို့ရင်ထဲဘာဖြစ်နေလဲမသိပေမယ့် ဒီလိုချိန်တွေဆို ကျွန်တော်လည်း ခံစားရပါတယ် အစ်ကိုရယ်........

အစ်ကို နာကျင်မှုတွေပဲပေးနေတယ်ဆိုရင်တောင်မှ ကျွန်တော်ပျော်ပျော်ကြီးလက်ခံဖို့အသင့်ပါ အဲ့ဒါကြောင့် အဲ့ဒါကြောင့်မလို့ တစ်ခါလောက်တော့ အစ်ကိုခံစားနေရတာတွေပြောပြပြီး ရင်ဖွင့်စေချင်တယ်။ အရာရာဖွင့်မပြောလာတဲ့ အစ်ကိုကရင်ထဲမှာ ပြည့်ကြပ်နေမှာပဲမလား။

Game Over [Completed]Where stories live. Discover now