part-10

268 57 7
                                    

English magazine တစ်ခုကို ဒိုယောင်းကပီပီသသဖတ်နေတာဖြစ်သည်။

"ဒိုယောင်းက Eng အသံထွက်ကောင်းတာပဲ''

"ဟုတ်လား ငါE major ယူခဲ့တာများလား''

"Jihoon Hyung ကမပြောပြဘူးလား ''

ဂျောင်ဝူးအမေးကြောင့် ဒိုယောင်းခေါင်းခါရင်း

"အစ်ကိုက သိပ်မပြောပြဘူးတစ်ခုခုမေးရင်လည်းမကြိုက်ဘူး ''

"ကျွန်တော်သိသလောက်ပြောပြရမလား''

"ငါ့အကြောင်းနဲ့ ပတ်သတ်ပြီးမင်းသိထားတာရှိလား ''

"ဟက်ရှိတာပေါ့...''

"ဒါဆို.. '' ဒိုယောင်း စိတ်ဝင်တစား ဂျောင်ဝူးကိုစိုက်ကြည့်လိုက်တော့ ဒိုယောင်းနားကို ဂျောင်ဝူးခေါင်းလေးစောင်းလာသည်။

နှစ်ကိုယ်စာကြားနိုင်တဲ့အသံနဲ့

"Jihoon hyung ကလေ.....''

စကားမဆုံးခင် ပဲနောက်ကထွက်ပေါ်လာတဲ့အသံတစ်ခုကြောင့် ဂျောင်ဝူးကိုယ်လေးတောင့်ခနဲ။

"ParkJeongWoo! !!!''

"အော် Hyung''

"မင်းဘာကိစ္စရှိလို့လဲ''

"ကိစ္စရှိမှလာရမှာလား ဒီတိုင်းပျင်းလို့ပေါ့ ''

Jihoon က woo ကိုစူးစူးစိုက်စိုက်ကြည့််နေတာကြောင့် ဒိုယောင်းပင်ကျောချမ်းချင်လာသည်။

"အစ်ကို နေ့လည်စာစားတော့မလား ဂျောင်ဝူး ရော ''

ဂျောင်ဝူးကချက်ချင်းခေါင်းငြိမ့်ပြလာပေမယ့် ဂျီဟွန်းကတော့အင်းမလုပ်အဲမလုပ်။

    _________________________

ထမင်းစားဝိုင်းထဲမှာ
Doyoung နဲ့ Jeonwoo ကတဖက်
Ji ကတဖက်စီထိုင်ပြီးမျက်နှာချင်းဆိုင်အနေထားဖြစ်သည်။

တိတ်ဆိတ် နေတဲ့ထမင်းစားဝိုင်းကိုဖျက်စီးလိုက်တာက ဂျောင်ဝူး

"Doyoungie က အချက်ပြုတ်လည်းကောင်းတာပဲ ''

Doyoung ကသဘောကျနေဟန်ပြုံးစိပြုံးစိ ဖြစ်နေတာကြောင့် Paji စားလက်စရပ်သွားသည်။

"ပေါ့တယ်... ''

"Nae?ဘာကလဲ အစ်ကို ''

"အကုန်လုံးပဲ ''

Game Over [Completed]Where stories live. Discover now