𝗛𝗼𝗻𝗲𝘆 - 𝗰𝗼𝗮𝘁𝗲𝗱 𝗽𝗼𝗶𝘀𝗼𝗻

3.4K 198 22
                                    

"ဒါလေးတော့ လက်ခံပေးပါ .."

"ကျွန်တော်ဘက်ကနေ .. မင်္ဂလာစရိတ်ပေးတယ်လို့ပဲ ... သဘောထားပေးပါ"

ပျော့ပျောင်းနူးညံ့နေသလို တစ်ဆက်တည်းမှာပဲ အရှိန်အဝါပြည့်နှက်နေတဲ့ လေသံခပ်ရှရှနဲ့အတူ အရှေ့သို့ တိုးပေးလာတဲ့ ငွေပုံအထပ်ထပ်ကို
စိတ်လှုပ်ရှားမှုမရှိတဲ့ မျက်၀န်းသေတွေဖြင့်
တွေတွေလေး ငေးကြည့်နေမိသော ဂျွန်ဂယူ့မျက်နှာဝိုင်းလေးဟာ ဖြူဖျော့လို့။

ဒီလောက်ထိများတဲ့ ငွေပမာဏကို ရှင်သန်လာသမျှ တစ်လျှောက်လုံးမှာ အခု အသက်နှစ်ဆယ်ပြည့်ပြီးမှသာ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်လေသည်။
သို့ပေမဲ့ ဒီငွေတွေအားလုံးက ဂျွန်ဂယူ့ကို တန်ကြေးဖြတ်ထားတဲ့ ငွေတွေပါပဲ။
အသက်ဆယ်နှစ် မိဘမဲ့ဖြစ်ကတည်းက
ဦးလေးလင်မယားက သူ့ကို တင်ကျွေးလာခဲ့တာ။
ခေါက်ဆွဲဆိုင်တစ်ခုမှာ အန်တီလေးက အကူအနေနဲ့ လုပ်ရပြီး ဦးလေးကတော့ Deli သမားဖြစ်တာမို့၊ အဆင်ပြေရုံသာရှိတဲ့ သူတို့မိသားစုလေးက ဈေးပေါပေါရတဲ့ လုံးချင်းအိမ်ခန်းလေးတစ်ခုမှာသာ ငှားရမ်းနေထိုင်ရလေသည်။

ဂျွန်ဂယူကတော့ အထက်တန်း အောင်ရုံကလွဲ၊ တက္ကသိုလ်တက်နိုင်တဲ့ အနေအထားလည်း မရှိတာမို့ ပညာလည်း မလုံလောက်တဲ့အလျောက်၊
တောက်တိုမယ်ရ အချိန်ပိုင်းအလုပ်တွေကိုသာ နေ့နေ့ညည အချိန်ပြည့်၀င်ရလေသည်။

ကံဆိုးသည်လား ကံကောင်းသည်လား မသိပေမဲ့
ဂျွန်ဂယူ သတင်းစာဝေရတဲ့ မနက်ခင်းအချိန်ပိုင်းတစ်ခုမှာ သူနင်းလာတဲ့ စက်ဘီးကို ကားတစ်စီးက
၀င်ချိတ်မိရာကနေတစ်ဆင့်၊ အခုလို အိပ်မက်တောင်မမက်ဖူးခဲ့တဲ့ စည်းစိမ်ချမ်းသာမျိုးနဲ့ တောင်းရမ်းခံရခြင်းဖြစ်လေသည်။

ကားနဲ့ တိုက်ခဲ့မိတဲ့ တစ်ဖက်လူက သူ့ကို
မြင်မြင်ချင်းမှာတင် သဘောကျမိသွားလို့ပါတဲ့လေ။
အဲ့ဒီလူကလည်း သာမန် သူလိုကိုယ်လို မဟုတ်ပါပဲ၊ တောင်ကိုရီးယားမှာရှိတဲ့ ဂျပန်လုပ်ငန်းစုတော်တော်များရဲ့ အုပ်ချုပ်သူ ဝတာနာဘယ်မျိုးရိုးကြီးက အုပ်ချုပ်သူတစ်ဖြစ်လဲ ၀တာနာဘယ်အီဆာဂီ
ဖြစ်နေလေသည်။

𝑆𝑤𝑒𝑒𝑡 𝐷𝑒𝑎𝑑𝑙𝑦 LOVE || 𝗁𝖺𝗋𝗎𝗄𝗒𝗎 Where stories live. Discover now