Unicode
ပထမနှစ် တက္ကသိုလ်ကျောင်းသားလေးတွေမလို့ ဘာမှနားမလည်ကြသေးတဲ့ ပေါက်စလေးတွေက popularဖြစ်တဲ့ blind dateကို စိတ်ဝင်စားကြတယ်
တစ်လလောက် ကျောင်းတတ်ပြီးသွားတာကြောင့် အထက်တန်းတုန်းက စာဂျပိုးလေးတွေပုံစံပျောက်ပြီး လူရည်လည်တဲ့ တက္ကသိုလ်ကျောင်းသားအသွင်ဆောင်သည်
ကျောင်းနားအနီးတဝိုက်မှာရှီတဲ့ ကော်ဖီဆိုင်လေးက ကျောင်းသူ၊ကျောင်းသား အများစု လာရောက်ကြတဲ့နေရာဆိုလည်း မမှားဘူးပေါ့
ဆိုင်နာမည်လေးအတိုင်း ချစ်ခြင်းတရားတွေ စီးမျောနေလို့ ဒီဆိုင်မှာblind dateလုပ်တဲ့သူတိုင်း ဘဝလက်တွဲဖော်ဖြစ်သွားကြသူတွေချည်း
မိုးအေးအေးလေးမှာ music boxကလာတဲ့ အချစ်သီချင်းလေးက ငြိမ့်ငြိမ့်ကလေးထွက်ပေါ်လာတော့ ဖက်စရာ ရည်းစားမရှီတဲ့ သူလေးတွေအတွက် ဆွေးလို့အကောင်းဆုံးပဲ
ချိုမြမြကော်ဖီအနံ့လေးက ဆိုင်အတွင်း မွှေးပျံ့နေပြီး ကော်ဖီမကြိုက်တဲ့သူတောင် နှာခေါင်းတရှုံရှုံအနံ့ခံလို့ သဘောကျသွားသူတွေချည်း
*ချွင်*
ဆိုင်တံခါးဖွင့်လိုက်တာကြောင့် ဘဲရုပ်လေးနှစ်ရုပ် နှုတ်ခမ်းချင်းထိကပ်နေတဲ့ ဆည်းလည်းလေးအသံက တချွင်ချွင်မြည်ကာ ဧည့်သည်ကိုကြိုဆိုလိုက်တယ်
အပြင်ဘက်ပိုင်းတင်မက အတွင်းပိုင်းကပါ အပြစ်ဖွဲ့စရာမရှီအောင် ချိုမြိန်စရာကောင်းတဲ့ အပြင်အဆင်တွေကြောင့် နာမည်ကြီးတယ်ဆိုတာလည်း အပြောသက်သက်မဟုတ်
"စောင့်ရတာ ကြာနေပြီလား...ကိုယ်နောက်ကျသွားတာ sorryပဲကွာ"
အားနာစကားပြောကာ လွတ်နေတဲ့ ခုံတစ်ခုံမှာ ဝင်ထိုင်လိုက်ပြီး သူရောက်လာလို့ နေရာကနေမတ်တပ်ထဖို့ပြင်နေတဲ့ ဂျူနီယာတွေကို ထိုင်နေဖို့ လက်ကာပြရသည်
"မဟုတ်တာ စီနီယာ...ကျွန်တော်ကသာ မအားတဲ့သူကို အတင်းလာခိုင်းသလို ဖြစ်နေတာပါ"
"ဟုတ်ပါပြီကွာ"
လူစုံသွားပြီဖြစ်တဲ့ ကြင်ဖက်တွေ့စုံပွဲကို အချင်းချင်းရင်းနှီးသွားအောင် မိတ်ဆက်ဖို့ပြင်ဆင်ရတော့သည်