Unicode
"ဟျောင့်...နောက်တစ်ချိန် အတန်းရှီသေးတယ်လေ...ဘယ်သွားမလို့လဲ"
"ထုံးစံအတိုင်း ဂျူနီယာလေးကို သွားရှိုးမလို့နေမှာပေါ့ကွာ"
စာအုပ်တွေကို အိတ်ထဲ ကမန်းကတမ်း ထိုးထည့်ရင်း ဆရာ,မလာခင် လစ်ထွက်မလို့ကြံပါတယ်ဆိုမှ အရစ်ရှည်နေတဲ့ သူငယ်ချင်းတွေကြောင့် ရုံးခန်းရောက်တော့မည်
Alarmပေးထားတဲ့ အချိန်မှန်နိုးစက်လို ညနေပိုင်းရောက်ရင် ရှောင်းကျန့်က ရိပေါ်အတန်းရှေ့ ခေါက်ထုတ်ခေါက်ပြန်လျှောက်ပြီး မသိမသာရော သိသိသာသာပါ အရိပ်ပြလေ့ရှီတယ်
"ဆရာ့ကို တိုင်မှာနော်"
အိမ်ကမိဘတွေတောင် ဒီကောင့်လောက် စည်းကမ်းမတင်းကျပ်တာ ကျောင်းရောက်ရင်တော့ မျက်စိထောက်တောင့်ကြည့်တဲ့သူကြောင့် သွားမဲ့ခြေလှမ်းတွေတောင်တွန့်တယ်
ကြည့်နေ လူပျိုကြီးဖြစ်မဲ့အထာနဲ့...ကံကောင်းလို့ အိမ်ထောင်ကျရင်တော့
သူ့ကိုတော်ရမဲ့ သားသမီးတွေအစား တွေးရင်းနဲ့တောင် ကြက်သီးထမိတယ်သူငယ်ချင်းဖြစ်တဲ့ Xun Nanကို လက်ခလယ်နှစ်ချောင်းထောင်ပြရင်း မြန်မြန်ထွက်လာလိုက်ရတော့သည်...မဟုတ်ရင် လေကြောတွေရှည်ပြီး ရိပေါ် မျက်နှာလေးကိုတွေ့ရဖို့ နောက်ကျသွားလိမ့်မည်
ဘာလိုလိုနဲ့ ရိပေါ်နောက်လိုက်နေတာ တစ်လပြည့်ဖို့ ငါးရက်ပဲလိုတော့တယ်...မာနကြီးတဲ့ကောင်လေးရဲ့ အသည်းနှလုံးကိုရဖို့ ဒီလောက်ကတော့ စတေးရတာ အကျိုးအကြောင်းသင့်ပါတယ်
ရိပေါ်မေဂျာနဲ့ သူတို့မေဂျာနဲ့က တကွေ့တပတ်ကြီးမလို့ ကားနဲ့သွားရင် ဆယ့်ငါးမိနစ်လောက်မောင်းရတယ်...လက်ဗလာကြီးသွားရင် မကောင်းတာကြောင့် snackတချို့ဝယ်ပြီး လာဘ်ထိုးတော့ မျက်နှာပိုရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့
တစ်ရက်မပျက် နေ့စဥ်လာလာဝိုက်နေလို့ ရိပေါ့်အပိုင်food deliveryကြီးလို့တောင် နာမည်ပေးခံနေရတော့ ရှောင်းကျန့်က စိတ်မဆိုးတဲ့အပြင် အစခံရတာကို ပိုသဘောကျနေတယ်
အများအမြင်မှာ ရှောင်းကျန့်က ရိပေါ်ကို သဘောကျနေတဲ့ အရိပ်အယောင်ကို မြင်တွေ့နေရပေမဲ့ ကာယကံရှင်ရိပေါ် ကတော့ မသိကျေးကျွန်ပြုထားလေသလား...သူပြောတော့မယ်ဆိုရင် စကားလမ်းကြောင်းလွဲသွားတတ်သည်