Unicode
"ပေါက်ပေါက်နဲ့အအေး ဝယ်မယ်မလား"
ရုပ်ရှင်သွားကြည့်ရင် အဓိကမပါမဖြစ် snack တွေကို မေ့ထားလို့မဖြစ်ဘူး...နောက်ခုံမှာပါတဲ့မုန့်တွေက ထားလိုက်ပါတော့...ကလေးလေးစားချင်တာတွေကို ထပ်ဝယ်ပေးရလည်း ဘာအရေးလဲ
"အားလူးကြော်ရော"
"ရိပေါ် က အာလူးကြော်ကြိုက်တာလား...ကိုယ်နဲ့အကြိုက်တူသား"
သွားကိုစိပြပြီးဖြေတော့ အကိုကသူ့ခေါင်းကို လက်နဲ့ဖွပြီး မျက်လုံးတွေမှိတ်တဲ့ထိ ပြုံးပြနေလေတယ်...အာလူးကြော်ကို ကြိုက်တယ်ဆိုတာထက် ကျွန်တော်က အကို့ကို ပိုပြီးသဘောကျတယ်ဆို ယုံမှာလား
ချောမောလွန်းတဲ့အကိုက သူ့လိုဘာမဟုတ်တဲ့ကောင်လေးကို အရေးပေးနေတော့ ပြီးပြည့်စုံသလို ခံစားရတယ်
"ဆံပင်တွေရှုပ်ကုန်ပြီလေ"
"ကိုယ်ကချစ်လို့ပါကွာ"
လွတ်ထွက်သွားတဲ့ စကားလုံးကို ပြန်ရုတ်သိမ်းဖို့ မရှီတာကြောင့် ကားပေါ်ကနေ ရိပေါ်စားချင်တဲ့မုန့်တွေ အကုန်မှာလိုက်သည်
ချစ်သူနှစ်ဦး ပျော်ပွဲစားထွက်နေသလိုမျိုးနဲ့ အဆင်ချောမွေ့နေတော့ ကြည်နူးမှု့တွေက အလုံးအရင်းလိုက် ယိုဖိတ်နေလေတယ်
"လက်မှတ်ပြပေးပါ"
ပုံမှန်ကြည့်နေကျရုပ်ရှင်ရုံက အတွဲခုံမှာထိုင်ရမယ်ထင်ထားပေမဲ့ outdoor packingကြီးတွင် ကိုယ်ပိုင်ကားကိုယ်စီရပ်ထားပြီး မျက်စိရှေ့မြင်တွေ့နေရတဲ့flimကြီးက ဟင်းလင်းပြင်မှာ တည်ရှီနေသည်
privateကျစွာ ကားတစ်စီးနဲ့ တစ်စီးအကွာအဝေးက ဆယ်ပေခန့်လောက်ရှီပြီး သာမန်မျက်လုံးနဲ့ လှမ်းကြည့်ရင်ဖြင့် ဘယ်သူဘယ်ဝါဆိုတာ မမြင်နိုင်ပဲ လွတ်လပ်စွာ အပန်းဖြေလို့ရနိုင်တယ်
ဂုဏ်သရေရှီ လူတန်းစားတရပ်ဖြစ်တဲ့ အကိုက ပေါပေါပဲပဲ ရုပ်ရှင်ရုံမှာ ကြည့်လိမ့်မယ်လို့ အထင်မှတ် မှားသွားမိခဲ့တာ
"ခါးပတ်ဖြုတ်လို့ရပြီလေ ရိပေါ်ရဲ့"
ကားမီးကိုပိတ်ပြီး စက်ရပ်လိုက်တဲ့အထိ ခါးပတ်ကြိုးကို တင်းတင်းဆုတ်ကိုင်ထားတဲ့ရိပေါ်က အင်းလည်းမလုပ် အဲလည်းမလုပ်တာကြောင့် ရှောင်းကျန့်ကပခုံးကို လက်နဲ့သွားထိပြီး သတိပေးလိုက်မှ ကြောင်ပြီးကြည့်လာလေတယ်