Out Of Communication Area

1.2K 132 6
                                    

Unicode

Birthday partyရှီတာကြောင့် အနောက်တိုင်းဝတ်စုံအပြည့်နဲ့ တောက်ပြောင်နေတဲ့ ရှူးဖိနပ်အနက်ကို တွဲဖက်ဝတ်ဆင်ထားတာကြောင့် တော်ဝင်မင်းသားလေးတစ်ပါးလို ခန့်ညားမှု့အပြည့်

ခြံထဲမှာပဲ hotelက နာမည်ကြီး စားဖိုမှူးတွေငှားကာ ချက်ပြုတ်ပြင်ဆင်နေကြတာမလို့ အိမ်တော်က အလုပ်သမားတွေက လိုအပ်တာတချို့သာ ကူလုပ်နေရတဲ့အတွက် သဘောတွေ့နေကြသည်

အဓိကမွေးနေ့ရှင်ဖြစ်တဲ့ ရှောင်းကျန့်အမက အလှဆုံးပြင်ဆင် ခြယ်သနေတာကြောင့် မွေးနေ့ပွဲရဲ့ အစအဆုံး ကြီးကျပ်သူနေရာကို တာဝန်ကျနေရသည်

အိမ်တော်ထိန်းကြီးကို လက်လွဲထားလို့ မရဘူးလားပြောပေမဲ့ ဒီမောင်လေးရဲ့အမြင်က ပိုပြီးဆန်းသစ်တယ်ဆိုကာ အချိုသတ် ခိုင်းစားသွားတော့ မျက်နှာလွဲပြီး ယုံကြည်မှု့ကို အလွဲသုံးစားမလုပ်နိုင်ဘူး

ပြင်ဆင်စရာတွေ အကုန်လုံးပြီးတော့ ထောင့်စွန်းနားမှာရှီတဲ့ စားပွဲဝိုင်းရဲ့ ခုံတခုံကို ဆွဲထုတ်ကာ အကျီအိတ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး weiboကို ဝင်ကြည့်ရသည်

Stalkerကြီးလို့ပြောပြော နှာဘူးကျတယ်လို့ဆိုဆို ကောင်လေးတယောက်ရဲ့ accကိုတော့ တစ်ရက်ကို အခေါက်ပေါင်းမနည်း ဝင်ကြည့်ဖြစ်တယ်

Selfieပုံတစ်ပုံနဲ့ just 5min agoဆိုကာ တင်လာတာကြောင့် heart reactကိုလက်ကautoနှိပ်ပြီးသားပဲ

တခြားသူတွေ reactပေးပြီးသား ဖြစ်ပေမဲ့လည်း ကောင်လေးအပေါ်ထားတဲ့ ဖြူစင်တဲ့ အချစ်တွေက ပြိုင်ဘက်ကင်းစွာ တစ်ကိုယ်တည်း ရပ်တည်နေတယ်

"မင်းကြောင့် ကိုယ့်နှလုံးသားက လေဆင်နှာမောင်းတိုက်သလို အပျက်အစီးများနေရပြီ"

Screenပေါ်က ပုံရိပ်လေးကို လက်ချောင်းထိပ်လေးနဲ့ ဖွဖွလေးပွတ်သပ်ကာ ခပ်တိုးတိုးရေရွတ်ရင်း ဘယ်လိုနည်းလမ်းတွေနဲ့ လိုက်ပိုးရမလဲ စဥ်းစားနေမိသည်

အချေကိုယ်တော်လေးရဲ့ နှလုံးသားကို တုန်လှုပ်သွားစေမဲ့နည်းလမ်းကိုတော့ အချိန်ပေးပြီး အကြံထုတ်ရဦးမယ်

လူတစ်ယောက်ရဲ့ ပင်ကိုယ်အကျင့်စရိုက်ကို လွယ်လွယ်ခန့်မှန်းနိုင်ပေမဲ့ ရိပေါ်ကတော့ သိုဝှက်ပြီး သူ့အကြောင်းကို တပါးသူစီချပြတာမျိုးမကြိုက်တဲ့ အနေအေးသူဖြစ်တယ်

Blind Date Love 🌻Where stories live. Discover now