Chatting With Future Husband

984 107 8
                                    

Unicode

ညကိုးနာရီဆိုတာ စောသေးတဲ့အချိန်ဖြစ်ပေမဲ့ လူတစ်ယောက် အားမအားဆိုတာလည်း မသိနိုင်တာကြောင့် စာကြည့်စားပွဲရှေ့ထိုင်ကာ တွေဝေနေရသည်

ရိပေါ် သူငယ်ချင်းစီက ရိပေါ် ဖုန်းနံပါတ်ကိုတောင်းလာပြီးပေမဲ့ ဆက်သင့် မဆက်သင့် ချင့်ချိန်စဥ်းစားနေရတာက အလဟသ အချိန်ကုန်စေတယ်

ကိုယ်သဘောကျနေတဲ့လူက အားနာလို့သာ တာဝန်အရပြောပြီး ဝန်ထုပ်ဝန်းပိုးတခုလို ဖြစ်မှာလည်းစိုးတဲ့အတွက် အလေးအနက်ထားဆုံးဖြတ်နေရတာ

မထူးဇာတ်ခင်းပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး အရဲစွန့် ဆက်သွယ်လိုက်လို့မှ အမြင်ကတ်ပုဒ်မနဲ့ အမှတ်တွေလျော့နေရင် အဖြစ်ဆိုးရချည်ရဲ့

*Buzzzz*

wechatကပို့တဲ့ messageသံကြောင့် လက်ကအလိုလိုဖုန်းကိုင်ကာ ဝင်ကြည့်မိတော့ ရိပေါ်စီကဖြစ်နေတဲ့အတွက် နှောင့်နှေးမနေပဲ keyboardပေါ် လက်ချောင်းတွေနှိပ်လို့ စာပြန်လိုက်တယ်

"Hi"

"Hello"

သူ့ဘက်က အရင်ဆက်သွယ်ဖို့လုပ်ထားပေမဲ့ ရိပေါ်ဘက်က ဆက်သွယ်တော့ သူ့လိုခံစားချက်ရှီရတာပဲဖြစ်မယ်ဆိုတော့ မျှော်လင့်ချက်ရောင်ခြည်တန်းလေးက တလက်လက်တောက်ပနေတယ်

ငါးစာပစ်ပေးလိုက်တာကို အလွယ်လေးဖမ်းပြီး အီစီကလီလုပ်လိုက်ရင် အဆင်ပြေမဲ့ကိန်း စိုက်နေရဲ့သားနဲ့ ဘာဆက်ပြောရမှန်းမသိလို့ ဖုန်းကိုပဲဆက်ကြည့်နေတဲ့သူက အချစ်ရေး မကျွမ်းကျင်ပါဘူး

"ဒီနေ့အတွက် စီနီယာရှောင်းကို ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်ခံချင်လို့ မဟုတ်ပါဘူး...ကိုယ်ကူညီလို့ရတဲ့ အရာမလို့ပါ"

"ဟုတ်"

ရိပေါ် စာပို့ပို့ချင်း seenဖြစ်ပြီး replyချက်ချင်းပြန်တဲ့ အကို့ကြောင့် စိတ်လှုပ်ရှားစိတ်နဲ့ ဖက်ခေါင်းအုံးကြီးကိုက်ကာ ကြည်နူးမှု့တွေက တဖွဲဖွဲယိုဖိမ့်လို့နေတယ်

ကျောနောက် ခေါင်းအုံးခု ထိုင်လို့ အကိုနဲ့ အပြန်အလှန် ပြောနေရတာက သူ့အတွက် ပျော်စရာကောင်းတယ်...လူချင်းတွေ့နေရတာမဟုတ်တော့ ဘာစကားနေနေ ပြောထွက်ဖို့လည်း သတ္တိရှီတယ်

Blind Date Love 🌻Where stories live. Discover now