Together Forever

1.3K 131 13
                                    

Unicode

"ရိပေါ် ကိုယ်အိမ်ရှေ့ရောက်နေပြီနော်...ဖြည်းဖြည်းချင်း ဆင်းလာခဲ့လို့ရတယ်"

Messageပို့ပြီး ကားထဲကထွက်ပြီး လက်ပိုက်လို့ ရိပေါ်ထွက်အလာကို စောင့်ကြိုနေလိုက်သည်...မနေ့ကမှ အိမ်ပြန်လိုက်ပို့ရင်း ရိပေါ်အိမ်ကိုသိသွားပြီး အပို့အကြိုလုပ်ဖို့တာဝန်ကို ရှောင်းကျန့်က တမင်ယူလိုက်တာ

ကျောင်းက အဆောင်မှာနေတာမဟုတ်ပဲ ကိုယ့်အိမ်မှာကိုယ်နေတော့ မိဘတွေနဲ့တွေ့ရင် မိတ်ဆက်ပြီး ရင်းနှီးမှု့ရယူနိုင်အောင်ရယ် အချင်းချင်း တွေ့ပါများပြီး ရှောင်းကျန့်ကိုအဖြေပြန်ပေးလာဖို့ရယ် တချက်ခုတ်နှစ်ချက်ပျက်နည်းလမ်း

အနမ်းကိုတောင် ကျေကျေနပ်နပ်ခြင်း ခံယူနေတာ ငြင်းတဲ့အဖြေကတော့ လုံးဝမဖြစ်နိုင်ဘူး...သူ့ကိုသေချာလေ့လာချင်တာပဲ ဖြစ်မှာပါလေ...ခက်ခက်ခဲခဲ ပိုးပန်းလာခဲ့ရတာ အမောပြေဖို့လည်း အရေးကြီးတယ်

"အကို စောင့်ရတာကြာသွားပြီလား...အားနာလိုက်တာ"

"မကြာပါဘူး...ကိုယ်က အေးဆေးပဲ"

မနက်ကျရင် လာကြိုလို့ရမလားလို့ မေးတဲ့အကိုကြောင့် ရိပေါ်ကခေါင်းငြိမ့်လို့ ရှက်ရှက်နဲ့ကားပေါ်က ပြေးဆင်းသွားခဲ့တာ...စ,နေတယ်လို့ပဲထင်သွားခဲ့တဲ့သူက အကိုစီကmessageဝင်လာတော့မှ အဝတ်ဗီရိုတခုလုံးကို မွှေနှောက်ရှာလို့ အလောသုံးဆယ် ဆင်းလာခဲ့ရတယ်

မားက မနက်စာစားသွားဖို့ ပြောနေတာတောင် အကိုစောင့်နေရတယ်ဆိုတဲ့အသိနဲ့ Tutoရှီတယ်ဆိုပြီး လိမ်ညာပြောဆိုပြီး ထွက်လာလိုက်မိတဲ့အထိ အကို့ရဲ့စကားလုံးတွေက ကျွန်တော့်ကို အဲ့လောက်ကြီး ထိရောက်စေတာ

"ဖြည်းဖြည်း ခေါင်းထိမိမယ်"

ကားတံခါးကို အသင့်ဖွင့်ပေးပြီး ခေါင်းနဲ့တိုက်မိမှာစိုးလို့ အကိုကသူ့ရဲ့လက်နဲ့ ကာပေးထားပြီး ရိပေါ်ကို အထိအခိုက်မခံတဲ့ တော်ဝင်ပန်းလေးတစ်ပွင့်လို ယုယကြင်နာပြနေတော့ ယိမ်းယိုင်မသွားရအောင် နှလုံးသားက မာကျောမနေတော့ အခက်သား

"ကိုယ်ခါးပတ်ပတ်ပေးမယ်နော်"

ကြည့်ပါလား...ရိပေါ် ဘာမှလုပ်စရာမလိုအောင် အကိုက အလိုက်တသိလုပ်ပေးနေတော့ အနေရကျပ်လာသလို အားလည်းနာတယ်...အဲ့လိုဆိုတော့ ထုတ်ပြောဖြစ်လားဆိုတော့ တခွန်းမှ မဟမိဘူး...နေသားကျသွားမှာကိုလည်း စိုးရိမ်မိပြန်တယ်

You've reached the end of published parts.

⏰ Last updated: Oct 08, 2022 ⏰

Add this story to your Library to get notified about new parts!

Blind Date Love 🌻Where stories live. Discover now