Boy Friend Is Not Boyfriend

972 109 6
                                    

Unicode

မဖြစ်နိုင်တဲ့ရှေ့ဆက်တိုးမှု့တစ်ခုကို နာရီအတော်ကြာအောင် စဥ်းစားခန်းဝင်နေပေမဲ့ အဖြေက တိတိကျကျထွက်မလာခဲ့ဘူး

မေ့မေ့ပျောက်ပျောက်ဖြစ်အောင် အာရုံလွဲထားပေမဲ့ အစားစားလည်း ဒီအကြောင်း ရေချိုးတော့လည်း ဒီအကြောင်း မရေလည်နိုင်အောင် စိတ်ရှုပ်စရာ အတွေးတွေက ငြီးငွေ့စရာကောင်းအောင် ထပ်တလဲလဲဖြစ်နေတယ်

ခြေတစ်လှမ်းတောင် မလှမ်းရသေးပဲ ဇာတ်လမ်းအဆုံးထိ တွေးတောနေတဲ့သူက အစိုးရိမ်လွန်နေတာ မှန်ပေမဲ့ ဒီအရေးကြီးတဲ့ အကြောင်းအရာကြီးက တမင် မေ့ပစ်ထားရင်တောင် ပေါ်လာဦးမှာ

လူလတ်တန်းစားသူနဲ့ လူချမ်းသာမိသားစုက ကောဇောနီထက် လျှောက်လမ်းလာတဲ့ အကိုတို့အသိုင်းအဝိုင်းထဲကို သူ့အနေနဲ့ ဝင်ဆံ့ဖို့ အလှမ်းဝေးတယ်

ချမ်းသာချင်လို့ သူဌေးသားကို အပိုင်ဖမ်းတာပဲဆိုပြီး လူအများရဲ့ ကဲ့ရဲ့ရှုပ်ချခြင်းခံရမှာကို ကြောက်မိတာကြောင့် သဘောကျတာကို မြိုသိပ်ပြီး စိတ်မဝင်စားသလို ပြုမူခဲ့တာ

အကို သိနိုင်မှာမဟုတ်ပေမဲ့ ကျွန်တော်က အကို့ကို အများကြီးသဘောကျပြီး ရင်ခုန်မိနေတာကို...ပြောပြချင်ပေမဲ့ ပြောပြခွင့်ရနိုင်ပါ့မလား...နောက်ထပ်ရော အကိုနဲ့ ဆုံတွေ့ခွင့်ရဦးမလား မျှော်လင့်ရင်းပေါ့

"ရိပေါ်ပေါ်ရေ ငါတို့ကန်တင်းသွားရအောင်"

"အတန်းချိန် နီးနေပြီလေ...ဘာသွားလုပ်မှာလဲ"

"မနက်စာမစားရသေးလို့ ဗိုက်ကအရမ်းဆာနေပြီ...လာပါကွာ အတူတူသွားကြမယ်"

"ဟိုတစ်ယောက်ကရော သူနဲ့သွားလေ...ငါလိုက်ချင်စိတ်မရှီဘူး...စိတ်ဓာတ်ကျနေတယ်"

"လာပါ...သွားမယ် go! go!"

လက်မောင်းကနေ အတင်းဆွဲခေါ်နေတာကြောင့် မလိုက်ချင်ပဲ တရွတ်တိုက် ပါသွားရတော့တယ်...ကြေကွဲချင်နေတာတောင် အေးဆေးမကြေကွဲရပါလား

ရည်းစားမရှီပဲ ရည်းစားနဲ့ လမ်းခွဲလိုက်ရလို့ စိတ်က ကမောက်ကမ ထိခိုက်ကွဲရှနေသလို ခံစားနေရပါတယ်ဆိုမှ

Blind Date Love 🌻Where stories live. Discover now