Chapter 2

130 10 0
                                    

Broken Wing
2 - The Black Swan

ဒီနေ့က David ကျောင်းပြောင်းကာစ ရက်ဖြစ်တယ်.....
အခန်း ၁၃.....
David က သူ့အခန်းကို တွေ့တော့ ဝင်သွားလိုက်တယ်။
အထဲမှာတော့ မှောင်မဲတိတ်ဆိတ်လျက်.....
သူ့အခန်းဖော်က မရှိ......

အဆောင်မှာ လူစစ်တဲ့အချိန်အထိ သူ့အခန်းဖော်က ပြန်မလာခဲ့.....
သူ့အခန်းဖော်က ဘယ်လို ပုံစံများလဲလို့ David သိချင်မိတယ်။

Voice : ဪ သူလား....? သူက ဟိုးက Charles နဲ့ အမြွှာညီအစ်ကိုလေ.....
ရုပ်ကတော့ တစ်ပုံစံတည်းပဲ
ဒါပေမဲ့ကွာ ပုံပြင်ထဲမှာ evil twin ဆိုတာဖတ်ဖူးတယ်မလား? လူတိုင်းက Charles ကို သဘောကျသလောက် Abernathy ကို မုန်းကြတယ်ကွာ.....
သူက Evil twin ပဲ

ကျောင်းသားတွေက David ကို သူ့အခန်းဖော်အကြောင်း ပြောပြကြတယ်။

သူကတကယ်ပဲ ကြောက်စရာကောင်းလား ဆိုတာ David သိချင်မိတယ်.....

ညဉ့်သန်းခေါင်လောက်မှ သူ့အခန်းတံခါးဝုန်းခနဲပွင့်လာတာကြောင့် David လန့်နိုးကာ ထထိုင်မိတယ်။
David : ဘယ်သူလဲ!!!

အမှောင်ထဲမှာ ခပ်လှုပ်လှုပ်အရိပ်တစ်ခုကို တွေ့တာကြောင့် သူ မီးအိမ်ကို မီးညှိလိုက်တယ်။
Charles လား....? မဟုတ်ဘူး ဒါက Abernathy များလား....?

ခပ်ယိုင်ယိုင် လမ်းလျှောက်နေတာကြောင့် နေများမကောင်းဘူးလားလို့ ထင်မိသွားတယ်။
David တွေးနေတုန်းမှာပဲ Abernathy လဲကျသွားတယ်။

David : Hey! ဘာဖြစ်တာလဲ!!! မင်း အဆင်ပြေရဲ့လား....?

Abernathy ရဲ့ အသားတွေက ပူကျစ်နေတယ်။

David : ဒုက္ခပဲ.... ငါ ဘာလုပ်ရမလဲ.....?

David က Charles ကို သွားနှိုးဖို့ ကြံရွယ်ခဲ့တယ်။ အခန်း ၁၁......

ဒေါက် ဒေါက် ဒေါက်!

Charles ရဲ့ အခန်းဖော် Dawin က အခန်းတံခါး လာဖွင့်တယ်။

Dawin : Oh! David ပါလား.... ဘာကိစ္စလဲ?
David : Charles ကို ပြောစရာရှိလို့.....
Dawin : ဪ Abernathy ကိစ္စလား....?

Dawin က အံ့ဩပုံနည်းနည်းမှ မပြပဲမေးတယ်။

David : ဟုတ်.... ဟုတ်တယ်.....

Charles : သူ ဘာဖြစ်ပြန်ပြီလဲ?

Charles က အိပ်ချင်မူးတူး ပုံစံနဲ့ ထွက်လာပြီး မေးလိုက်တယ်။

Broken Wing✔ Book - 2Where stories live. Discover now