Broken Wing
3 - Frozen Waterစာသင်ချိန်မို့လို့ မြင်းစောင်းထဲမှာ လူရှင်းနေခဲ့တယ်။ Sylvia လို့ ခေါ်တဲ့ နီညိုရောင်မြင်းမလေး ရှိတယ်....
သူမ က မြင်းတွေထဲမှာ အလှဆုံးနဲ့ အသန်မာဆုံးဖြစ်တယ်။
Sylvia ကို မြင်းရိုင်းအဖြစ် ဖမ်းလာတုန်းက တအားကို ကြမ်းတမ်းပြီး ရိုင်းစိုင်းတယ်....
သူ့ကို ဘယ်သူမှ ယဥ်ပါးအောင်လုပ်လို့မရဘူး.....
၃လလောက်ကြာအောင် တစ်ကောင်ထဲပစ်ထားပြီး နေ့တိုင်း ကြာပွတ်နဲ့ အရိုက်ခံရတယ်..... ဒါပေမဲ့ သူမက လုံးဝ မပြောင်းလဲခဲ့ဘူး.....
ဒါပေမဲ့ သူ့ကိုယဥ်ပါးအောင် လုပ်နိုင်တဲ့သူ ပေါ်လာခဲ့တယ်။ဒါပေမဲ့ Sylvia ဟာ သိပ်ပြီးတော့ မပြောင်းလဲပါဘူး.... သူ့ရဲ့ သခင်က လွဲရင် ဘယ်သူ့စကားကိုမှ နားမထောင်တုန်းပဲ..... သူမ သခင်ကို ဆိုရင်တော့ ဘာလုပ်လုပ် ငြိမ်ခံနေတတ်တယ်.....
ဒီနေ့တော့ Sylvia မြင်းစောင်းထဲမှာ လှုပ်လှုပ်ရှားရှားနဲ့ ဂနာမငြိမ်ဖြစ်နေတယ်။
Abernathy : ဘာမှမဖြစ်ပါဘူး Sylvia.... ငါ အဆင်ပြေတယ်.....
သူမရဲ့ သခင်က သူမကို ပြောတယ်။ ဒီနေ့တော့ သူမရဲ့ သခင်က အမိန့်ပေးထားတာကြောင့် သူမနဲ့ သူမအမေ ထံက တစ်သားတည်းပေါက်လာတဲ့ မြင်းထီးကလေး Anton တို့ကိုပဲ သီးသန့်ထားတဲ့ မြင်းစောင်းထဲကို အလုပ်သမားတွေတောင် ဝင်မလာကြဘူး.....
ဒါပေမဲ့ Sylvia က သူမ သခင်အတွက် စိတ်ပူတာကြောင့် ဂနာမငြိမ်ဖြစ်နေတာသာ ဖြစ်တယ်......
Abernathy : Ahh ahhh
Abernathy က ယောက်ျားတစ်ယောက်ရဲ့ အောက်မှာ သာယာယစ်မူးစွာ အော်ညည်းနေတယ်....
သူ့အပေါ်က အုပ်မိုးထားတဲ့လူကတော့ ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ James Locke ဖြစ်တယ်။Locke က ကျောင်းသားအားလုံးအတွက် စံပြကျောင်းသားဖြစ်ပေမယ့် ကျောင်းသားတွေ အားလုံး မုန်းနေတဲ့သူကိုတော့ လိုက် မမုန်းဘူး..... ဒါကပဲ သူ့ကို စံပြ ဖြစ်သွားစေတာလားလို့ Abernathy သရော်တော်တော် တွေးမိတယ်။ ဒါပေမဲ့ Locke သူ့ကို လာခေါ်တိုင်း Abernathy မငြင်းခဲ့ဘူး.....
သူနဲ့အတူအိပ်ပေးတာက Abernathy အတွက် အကျိုးအမြတ်တွေရတယ်လေ.....
သူက Abbey ကို ကျောင်းသားတချို့လက်ကနေ ကာကွယ်ပေးတယ်။
YOU ARE READING
Broken Wing✔ Book - 2
Mystery / ThrillerBook - 2 "ငှက်တစ်ကောင်က အတောင်တစ်ဖက်ထဲနဲ့ပျံလို့မရဘူး Charles..... ငါတို့နှစ်ယောက်လည်း အတူတူပဲ Gloucester မိသားစုရဲ့ အတောင်တစ်ဖက်က ကျိုးနေရင် ဘယ်လောက်ကောင်းကောင်း မင်းတစ်ယောက်ထဲ မပျံသန်းနိုင်ဘူး....."