Broken Wing
6 - My bestfriendမီးလင်းဖိုထဲမှာ လောင်ကျွမ်းနေတဲ့ ခေါင်းအုံးကိုကြည့်ရင်း Abernathy ပြုံးလိုက်တယ်။
အခုဆိုရင် မေမေက သူတို့နှစ်ယောက်ကြားကို ဝင်မပြောနိုင်တော့ဘူး.....သူဟာ စိတ်ချမ်းသာစွာနဲ့ ဆိုဖာနောက်မှီကို မှီချလိုက်တယ်။
စိတ်ထဲမှာ အပြစ်ရှိတယ်လို့မခံစားရပဲ ပေါ့ပါးလို့ပင်နေတယ်။သူဟာ မမွေးသေးတဲ့ကလေးတစ်ယောက်နဲ့ သူ့မိခင်ကိုတောင် သေစေခဲ့သေးတာပဲ..... ဟုတ်ပါသည်.... Pearl က ကလေးပျက်ကျတဲ့ညမှာပဲ ဆုံးသွားခဲ့တယ်။ ခံစားချက်မဲ့တဲ့ ကိုယ့်မိခင်အရင်းကို သတ်လိုက်တာက အရမ်းကြီး ကြီးမားတဲ့ ပြဿနာတော့မဟုတ်.....
အခုဆိုရင် သူမကို အသက်ရှူကျပ်အောင်လုပ်ခဲ့တဲ့ ခေါင်းအုံးဟာလည်း မီးလင်းဖိုထဲမှာ လောင်စာအဖြစ်ပြောင်းလဲသွားပြီပဲ.....
ဘယ်သူက သူ့ကို စွပ်စွဲလို့ ရမှာလဲ.....?
မနက်ခင်းမှာ မနက်စာ ဆင်းမစားတဲ့အတွက် မေမေ့ကို Mari က သွားနှိုးခဲ့တယ်။
သိပ်မကြာခင်မှာပဲ သူမရဲ့ အထိတ်တလန့်အော်သံကို ကြားလိုက်ရတော့တယ်။Mari : သခင်လေး Charles!!! သခင်လေး Abernathy....! သ.... သခင်မကြီး.....
Abernathy က အရမ်းအံ့ဩတဲ့ ပုံစံနဲ့.....
Abernathy : ဘာတွေဖြစ်နေတာလဲ Mari....
Mari : သခင်မကြီး အသက်မရှိတော့ဘူး.....Charles က မိခင်ဖြစ်သူရဲ့ အခန်းကို ပြေးသွားတယ်......
Abernathy က မယုံနိုင်ပဲ ခေါင်းကို တရမ်းရမ်းလုပ်ကာ.....Abernathy : မဖြစ်နိုင်တာ..... မနေ့ကပဲ အကောင်းကြီးရှိသေးတာ.....
မေမေ့ရဲ့ စျာပနမှာတော့ ရှိုက်ကြီးတငင်ငိုနေတဲ့ Abernathy ကို စျာပနလာတဲ့ လူတွေက အထူးအဆန်းလို ကြည့်နေခဲ့ကြတယ်။
Abernathy : ကျွန်တော်က မေမေနဲ့ အတူနေခဲ့တာ ဆိုတော့ ဖေဖေထပ်ပိုပြီး နီးကပ်တယ်လေ.....
မေမေ အခုလိုဖြစ်သွားတာ တကယ် စိတ်မကောင်းဘူး.....လူတွေက လှည့်စားရ တကယ်လွယ်တယ်..... သူ့ကို တစ်သက်လုံး မကောင်းဘူးလို့ထင်ခဲ့တဲ့ လူတွေကတောင် မျက်ရည်လေး နည်းနည်းကျပြလိုက်တာနဲ့ သနားလာခဲ့ကြတယ်.....
ESTÁS LEYENDO
Broken Wing✔ Book - 2
Misterio / SuspensoBook - 2 "ငှက်တစ်ကောင်က အတောင်တစ်ဖက်ထဲနဲ့ပျံလို့မရဘူး Charles..... ငါတို့နှစ်ယောက်လည်း အတူတူပဲ Gloucester မိသားစုရဲ့ အတောင်တစ်ဖက်က ကျိုးနေရင် ဘယ်လောက်ကောင်းကောင်း မင်းတစ်ယောက်ထဲ မပျံသန်းနိုင်ဘူး....."