Chapter 5

87 9 0
                                    

Broken Wing
5 - 18th Birthday

Abernathy ထိုနေ့ကစလို့ အိမ်ကိုမပြန်ခဲ့.....
David ရဲ့ အိမ်မှာပဲ လိုက်နေခဲ့တယ်။ David အဒေါ်က အိမ်ထောင်မရှိပဲ တစ်ကိုယ်တည်းသမားဖြစ်ပြီး တစ်နေကုန် သူမ အခန်းထဲက ထွက်တာမဟုတ်.....
Abernathy ကိုလည်း ဝန်ထုပ်ဝန်ပိုးလို သဘောမထားပဲ ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။

David ရဲ့ အိမ်မှာ နေချိန်ခဏလေးဟာ သူ့အတွက် ပျော်ရွှင်စရာ အခိုက်အတန့်လေးတွေဖြစ်ခဲ့တယ်.....

David က သူ့ကို ဘဲလေးအက လေ့ကျင့်ဖို့ အခန်းတစ်ခန်းကို ရှင်းလင်းပေးတယ်။ သူကြိုက်တဲ့ စာအုပ်တွေကို ဝယ်ပေးတယ်။ သူစားချင်တာတွေလည်း အကုန်ဝယ်ကျွေးတယ်။
တခါတလေမှာ သူတို့ နှစ်ယောက် အတူတူမြင်းစီးထွက်ကြတယ်။

David က သူ့အတွက် Sylvia ကို ခေါ်လာဖို့ အိမ်က အစေခံတွေကို စေခိုင်းခဲ့တယ်.....
Abernathy က တခြားမြင်းတွေကို စီးမှာ မဟုတ်မှန်း David သိနေတာကြောင့်ပင်.....

ကျောင်းပြန်တက်ချိန်မှာတော့ ကျောင်းသားတွေရဲ့ မနှစ်မြို့တဲ့ အကြည့်တွေကို Abernathy ရင်ဆိုင်ရတယ်။ ဒါပေမဲ့ သူ ဂရုမစိုက်.... သူ့ဘေးနားမှာ David ရှိတယ်.....
သူ့ကို ဂရုစိုက်တဲ့ တစ်ဦးတည်းသောသူ ရှိတယ်.....

Abbey က Charles ကို မြင်တော့ မမြင်သလိုနဲ့ မျက်နှာလွှဲလိုက်တယ်။ Charles ကို မြင်တိုင်း သူ့ရင်ဘတ်ထဲက နာကျင်လာလို့.....
Sorry Charles..... ငါလည်း တစ်ကိုယ်ကောင်းဆန်ကြည့်ပါရစေ.....

James Locke ကိုလည်း သူ ဂရုမစိုက်ပဲနေနိုင်လာခဲ့ပြီ....

ဒီလိုနဲ့ ကျောင်းပိတ်ရက်တွေပြန်ရောက်လာတော့ Abbey အတွက် ပျော်ရွှင်စရာအချိန်တွေရောက်လာပြန်တယ်။

သူ အသက်၁၈နှစ်မပြည့်ခင် တစ်ရက်မှာတော့ သူ့ထံကို စာတစ်စောင် ရောက်လာခဲ့တယ်။

David : ဘယ်ကလဲ???
Abernathy : Charles.... သူက ကျွန်တော်နဲ့အတူတူ မွေးနေ့ပွဲကျင်းပချင်တယ်လို့ ပြောတယ်
David : သွားချင်လား.....?

Abernathy က စာကို လုံးချေပြီး မီးလင်းဖိုထဲပစ်ထည့်လိုက်တယ်။

Abernathy : မသိဘူး......

ဒါပေမဲ့ နောက်တစ်နေ့မှာတော့ သူ Charles ရဲ့ မွေးနေ့ပွဲကို ရောက်လာခဲ့ပါတယ်။
သူမတွေ့ချင်တဲ့ ရင်းနှီးတဲ့ မျက်နှာတွေကို တွေ့နေရလည်း.....

Broken Wing✔ Book - 2Where stories live. Discover now