Chapter 4

89 11 0
                                    

Broken Wing
4 - I'll protect you

Woman : သူ ဘယ်လိုနေသေးလဲ Doctor.....
အမျိုးသမီး တစ်ယောက်ရဲ့ အသံကိုကြားရတယ်။
Doctor : သူ အဖျားတွေ အရမ်းတက်နေတယ်.... နေကောင်းသွားမှ သူ့ကို ပြောပြတာ ကောင်းလိမ့်မယ်.....
Abernathy ရဲ့ ခေါင်းတွေ ထိုးကိုက်နေပြီး မျက်ခွံတွေက လေးလံနေတယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးလည်း ကိုက်ခဲနေတယ်.....

Charles : မေမေ.....
Charles ရဲ့ အသံက တုန်ယင်နေတယ်.... ဒါဆို ခုနက ကြားလိုက်ရတာ မေမေ့ အသံပေါ့.....?

Charles : Abbey ပါ မနိုးလာတော့ရင် ဘယ်လိုလုပ်မလဲ??? ကျွန်တော် Abbey ကိုပါ မဆုံးရှုံးချင်ဘူး.....

Abbey မျက်လုံးဖွင့်မကြည့်နိုင်ပေမယ့် အားလုံးကို ကြားနေရတယ်။ Charles က ငိုနေတယ်ဆိုတာ သေချာတယ်....
ဘာလို့ ငိုနေတာလဲ....? သူ့ကြောင့်လား....? Charles က သူ့ကြောင့်ငိုမယ်ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်မယ့် ကိစ္စပဲ.....

Lady Gloucester : အဲလို မပြောရဘူး သား..... Abbey က ဘာမှမဖြစ်ဘူး
သူက သန်မာတယ်.... သူ ပြန်နိုးလာမှာ.... ဟုတ်ပြီလား???
Charles : ဟုတ်.... ဟုတ်ကဲ့.....
Lady Gloucester : အခု.... သားအခန်းကို ပြန်သွားအိပ်တော့
Charles : ဟင့်အင်း.... သားဒီမှာ စောင့်နေချင်တယ်
Lady Gloucester : ဒါဆိုလည်း သားသဘောပဲ
မေမေ Mari ကို Abbey နိုးလာရင် စားဖို့အတွက် တစ်ခုခုသွားလုပ်ခိုင်းလိုက်ဦးမယ်.....

တံခါးပိတ်သံ ကြားလိုက်ရပြီးနောက် Abbey ရဲ့နဖူးကို နူးညံ့တဲ့ လက်ဖဝါးတစ်ဖက်က ထိလာတယ်။
အဲဒီနောက်မှာ သူ့ခန္ဓာကိုယ်ကို နူးညံ့စွာ ဖက်လာတဲ့ လက်တစ်စုံ.....

Charles : ကျေးဇူးပြုပြီး မြန်မြန်နေပြန်ကောင်းလာပါနော် Abbey.... ငါ့အနားက မင်းပါထွက်သွားလို့ မဖြစ်ဘူး....
ငါမင်းကို လိုအပ်တယ်.....

Charles သူ့ကိုလိုအပ်တယ်.... Charles က သူ့ကိုလိုအပ်တယ်တဲ့.... Charles အတွက် သူရှိနေမှဖြစ်မယ်.....
Charles သာ သူ့ကို အသက်ရှင်စေချင်ရင် Abbey သေမင်းကို တိုက်ခိုက်မယ်.....
တကယ်လို့ သူငရဲရောက်သွားရင်တောင် Satan နဲ့ တိုက်ခိုက်ပြီး ရှင်သန်ရာကို ပြန်ခဲ့မယ်.....

Charles က သူ့ကို မလိုချင်တော့ဘူး ထင်လို့ Abbey သေဖို့ ကြိုးစားခဲ့ပေမယ့် Charles က သူ့ကို လိုအပ်တယ်တဲ့.... Abbey သေဆုံးဖို့အတွက် ဆန္ဒမရှိတော့ပါ.....

Broken Wing✔ Book - 2Donde viven las historias. Descúbrelo ahora