Part(1)

524 31 2
                                    

>•Unicode•<
.
.
.

" အိမ်ရှေ့စံမင်းသား ကျန်းမာပါစေ...........၊
အိမ်ရှေ့စံမင်းသား သက်တော်ရာကျော်ရှည်ပါစေ.....''

ဘေးတစ်ဖက်တစ်ချက်ဆီမှ ပြည်သူများ၏ သောင်းသောင်းဖြဖြကြိုဆိုသံများ၏ကြားထဲ အပြုံးပန်းဖြင့်ကြွချီလာသော နုနယ်ချောမောသည့်လူတစ်ယောက် ။

ထိုသူကတော့ယခုလေးတင်မှ စစ်နိုင်၍ပြန်လာသော ဒိုဆွန်းတိုင်းပြည်၏ အိမ်ရှေ့စံမင်းသား Jung Hoseok ။
သူ၏နောက်တွင်တော့ အိမ်ရှေ့စံမင်းသား၏ ကိုယ်ရံတော် Kim Taehyung နှင့် စစ်သည်တော်များကလိုက်ပါလာသည် ။ အားလုံးကိုယ်စီ၏ မျက်နှာပေါ်တွင်လဲ အပြုံးပန်းတွေ‌ဝေနေလျက် ။ အိမ်ရှေ့စံမင်းသားအား ကြိုဆိုနေသူ ဘုရင်ကြီးနှင့်မိဖုရားကြီး၏မျက်နှာတွင်လည်း အပြုံးကိုယ်စီနှင့်သာ ။

'' အရှင်မင်းကြီး ကျွန်တော်မျိုး စစ်ပွဲကိုနိုင်လာခဲ့ပါပြီ''

မိမိထိုင်‌ေနရာသလွန်‌ေတာ်ရှေ့တွင် ဒူးထောက် အရိုအသေပေး၍ ပြောနေသော သားဖြစ်သူကိုကြည့်၍ ဘုရင်ကြီးမှာ ပြောမပြနိုင်အောင် ဝမ်းသာကြည်နူးမိသည် ။

သူ၏သားတော်သည် တိုက်ခိုက်ခြင်းကို လေ့မကျင့်နိုင်သည့် အားနည်းသောခန္ဓာကိုယ်နှင့်မွေးဖွားလာခဲ့သည် ။ သူ့တွင်သားတော်ဟူ၍ ဤတစ်ဦးတည်းရှိသည်ဖြစ်ရာ ထိုသားတော်က ဓားတောင်ကြာကြာမကိုင်နိုင်သော အားနည်းသည့်ခန္ဓာရှိသည်ဖြစ်၍ များစွာစိတ်ပျက်မိခဲ့ဖူးသည် ။ ထီးနန်းအတွက်လဲ စိုးရိမ်မိခဲ့ဖူးသည် ။

ယခုအချိန်တွင်တော့ သူ၏သားတော် အိမ်ရှေ့စံမင်းသားသည် စစ်ဗျူဟာပိုင်း၌ သူမတူအောင်ထူးချွန်နေခဲ့သည် ။ ဗျူဟာများတစ်ခုနှင့်တစ်ခု ထပ်တူကျခြင်းလဲမရှိခဲ့ပေ ။ ယခုအချိန်တွင်တော့ သူ၏သားတော်ကို သူစိတ်ချနိုင်ပြီဖြစ်သည် ။

'' ကောင်းတယ်....အရမ်းကောင်းတယ်....ဟားဟားဟား သားတော်ဘာဆုလိုချင်လဲပြော ''

'' ကျွန်တော်မျိုးမှာ တကူးတကလိုချင်တာမရှိပါ အရှင်ဘုရင်ကြီး ချီးမြှောက်မှုများကြောင့်အရာရာပြည့်စုံနေပါပြီ ''

ချစ်သူ့အမုန်းWhere stories live. Discover now