Part(2)

220 27 2
                                    

>•Unicode•<
.
.
.
" လူကြီးမင်း မဟုတ်ဘူး ကျွန်တော်တကယ်မခိုးပါဘူးဆို "

" ဘယ်သူခိုးကတော့ခိုးတယ်လို့ပြောမှာလဲ ငါ့နားမှာမင်းပဲရှိတာကို မင်းမဟုတ်လို့ဘယ်သူဖြစ်မှာလဲ "

" အာ့ နာတယ် မရိုက်ပါနဲ့တော့ ကျွန်တော်တကယ်ပြောတာပါ မရိုက်ပါနဲ့တော့ တောင်းပန်ပါတယ် "

ထယ်ယောင်း နန်းတော်ကနေထွက်လာတော့ စျေးလမ်းထောင့်မှာမြင်နေရတဲ့မြင်ကွင်းက စိတ်မချမ်းသာချင်စရာ ။ ကောင်လေးတစ်ယောက်ကို လူကြီးသုံးယောက်လောက်က ဝိုင်းရိုက်နေကြတာ ။

ဘေးနားကလူတွေကလဲဝိုင်းအုံကြည့်နေကြတာ ၊ တစ်ယောက်တစ်လေတောင်ဝင်မဆွဲကြဘူး ။ သေကုန်တော့မှာပဲ ။

'' ဘာဖြစ်နေကြတာလဲ "

ထယ်ယောင်းအော်လိုက်တော့မှ ရိုက်နေတဲ့လူတွေလဲလှည့်ကြည့်လာသလို ထိုကောင်လေးဟာလဲ ထယ်ယောင်းအနားပြေးလာသည် ။ ခန္ဓာကိုယ်တောင်တုန်နေတာကိုကြည့်ခြင်းဖြင့် ထိုကောင်လေးဘယ်လောက်ကြောက်နေလဲသိနိုင်သည် ။

" ကယ်ပါဦး သခင်လေး ကယ်ပါဦး ဒီလူကြီးတွေက ကျွန်တော့်ကို ပိုက်ဆံခိုးတယ်လို့စွတ်စွဲနေကြတယ် "

" ဘာကိုစွတ်စွဲတာလဲ မင်းပဲငါတို့အနားမှာရစ်သီရစ်သီ လာလုပ်နေတာလေ မင်းမယူလို့ ဘယ်သူယူမှာလဲ "

" တော်ပြီ! အိမ်ရှေ့စံမင်းသားက စစ်ပွဲအောင်လာတာ နေ့တောင်မကူးသေးဘူး ခင်ဗျားတို့ကသူ့တိုင်းပြည်မှာ ဒီလိုလုပ်နေတယ်ပေါ့လေ "

'' မင်းကဘယ်သူမို့လို့ အိမ်ရှေ့စံတွေဘာတွေလာပြောနေတာလဲ ကောင်လေးကိုယ့်လမ်းကိုယ်သွားတော့ ငါတို့သူနဲ့ပဲစာရင်းရှင်းမယ် မဆိုင်ဘဲဝင်မပါနဲ့ ဖယ် "

ထယ်ယောင်းထိုကောင်လေးကိုတစ်ချက်ကြည့်လိုက်သည် ။

" ဘယ်လောက်လဲ "

" ဟမ် "

" ခင်ဗျားပျောက်သွားတာဘယ်လောက်လဲလို့ "

" ဘာလဲမင်းကစိုက်ပေးမလို့လား "

" အပိုမပြောနဲ့ ဘယ်လောက်လဲသာပြော "

" ငွေငါးပြား "

" ခင်ဗျားမလိမ်နဲ့!! "

" ရို ငါလိမ်နေတယ်လို့ပြောရအောင် ငါဘယ်လောက်ပျောက်သွားလဲမင်းသိလို့လား "

ချစ်သူ့အမုန်းWhere stories live. Discover now