တောထဲတွင်အမဲလိုက်ပြီးနောက် နားရန်အတွက်ရေတံခွန်ရှိရာနေရာသို့ သားကောင်ဆွဲ၍ထွက်လာခဲ့သည် ။ ထိုရေတံခွန်သည် သစ်ပင်ချုံနွယ်များအုပ်စိုင်းကာ တသီးတသန့်လေးတည်ရှိနေသောကြောင့် သာမန်လူဆိုထိုနေရာတွင်ရေတံခွန်ရှိနေမှန်းမသိနိုင် ။ သို့သော် သူကတော့ သူ့ဘဝသက်တမ်းတစ်ဝက်လောက်ကို ဤတောထဲတွင်ကုန်ဆုံးခဲ့သည်ဖြစ်၍ ထိုရေတံခွန်ရှိရာသို့အသာလေးသွားနိုင်သည် ။
သူထိုရေတံခွန်သို့ရောက်ရောက်ချင်းတွင်ပင် အသက်ရှုမှားလောက်စရာမြင်ကွင်းမျိုးကိုကြုံတွေ့လိုက်ရသည် ။
လှလိုက်တာ.....
ထိုစကားကလွဲ၍ သူ၏ဦးနှောက်ထဲ၌ အခြားစကားရှာမတွေ့ ။ ရောင်စုံပန်းခင်းလေး၏အလယ်တွင် လိပ်ပြာလေးတွေနှင့်ဆော့ကစားနေသော နတ်သားလေးတစ်ပါး ။ ငွေမှင်ရောင်ဆံနွယ် အဖြူရောင်ဝတ်ရုံလေးနှင့် လိုက်ဖက်ညီလှသောဖြူနုနုအသားအရည် ထိုသို့ပနံသင့်လှသောအလှတရားကို ထပ်မံအားဖြည့်လိုက်သည်က မွန်းတည့်နေ ။
မွန်းတည့်နေရောင်၏အောက်တွင် ပြုံးရွှင်ကာ လိပ်ပြာငယ်လေးများနှင့် ဆော့ကစားနေပုံက နတ်သားလေးတစ်ပါးကိုယ်ထင်ပြလာသလို ။ မျက်တောင်လေးခတ်လိုက်ရင်တောင် ကွယ်ပျောက်သွားမှာစိုးရိပ်စွာဖြင့် မျက်တောင်မခတ်တမ်းငေးကြည့်နေမိသည် ။
ထိုအလှတရားကို အပြည့်အဝခံစားနေတုန်း အလှတရားနောက်ဘက်က လှုပ်စိလှုပ်စိအရာတစ်ခု ။ အသေအချာကြည့်လိုက်မှ အလှတရားစီကိုတစ်ရွေ့ရွေ့တိုးကပ်ကာ အန္တရာယ်ပြုဖို့ကြံနေပါသောမြွေတစ်ကောင် ။
ရုတ်တရပ်ပူထူသွားကာ မြှားနှင့်ပစ်ရမည်ကိုလဲမသိတော့ ။ အလှတရားအရှေ့အမြန်သွားပြီး အော်လိုက်မိသည် ။
" သခင်လေးမလှုပ်နဲ့ အနောက်မှာမြွေ!! "
" အားးးးးး!! "
ကိုယ့်ကိုခဏတော့ကြောင်ကြည့်နေပါသော အလှတရားလေးဟာ မြွေဟု အသံကြားလိုက်သည်နှင့်တစ်ပြိုင်နက် ထအော်ကာ သူနှင့် သုံးပေအကွာလောက်မှာရှိနေသော ကိုယ့်အပေါ်သို့ခုန်တက်လာသည် ။
YOU ARE READING
ချစ်သူ့အမုန်း
Fanfictionအမှား... မင်းကိုပိုင်ဆိုင်ချင်တာအမှားဆိုရင် အဲ့ဒီအမှားကို ကိုယ်ဆက်မှားနေဦးမှာပဲ....... ကိုယ်ချစ်တဲ့မင်းက ကိုယ့်အနားမှာပဲနေရမယ် အဲ့တာကိုယ့်အတ္တပဲ.......