Part (3)

238 22 11
                                    

>• Unicode •<
.
.
.
" နန်းတက်တော့မှာမို့ ဂုဏ်ပြုပါတယ်အရှင့်သား "

ဘုရင်ကြီးနန်းဆောင်မှထွက်ထွက်ခြင်း ဂုဏ်ပြုစကားပြောနေတဲ့ကင်မ့်ကို ခေါင်းသာငြိမ့်ပြပြီး ကိုယ့်အဆောင်ရောက်ဖို့သာအမြန်သွားနေမိသည် ။

ဟုတ်တယ်လေ ဒီနေရာမှာသာဆို သူများတွေရိပ်မိမှာစိုးလို့ဆိုပြီး ကင်မ့်ကိုစကားပြောလို့မရဘူးလေ ။ ကိုယ့်အိပ်ဆောင်ကိုရောက်မှ ကင်မ်နဲ့လွတ်လွတ်လပ်လပ်စကားပြောလို့ရမှာ ။

ကင်မ့်ကို အိမ်ပြန်ဖို့ခွင့်ပေးလိုက်ပြီး နှစ်ရက်လောက်မတွေ့လိုက်ရတာ လွမ်းလို့သေတော့မယ် ။ နောက်ဆိုကိုယ်က နန်းတက်ပြီးရင်အလုပ်တွေရှုပ်နေတော့မှာလေ ။ အဲ့တော့ရတဲ့အချိန်လေး ကင်မ်နဲ့စကားတွေပြောချင်သည် ။

အရှေ့ကနေခပ်မြန်မြန်သွားနေသော အိမ်ရှေ့စံလေးနောက် အပျိုတော်တွေနှင့် ရှန့်ကုန်းလေးခမျာ မပြေးရုံတမယ် အမှီလိုက်နေရတော့သည် ။

" ကိုယ်ရံတော်ကင်မ်နဲ့ ဆွေးနွေးစရာရှိလို့ ကိုယ်ရံတော်ကင်မ်ကလွဲပြီး ဘယ်သူမှဝင်မလာနဲ့ "

အိပ်ဆောင်ထဲဝင်ဝင်ချင်းပြောလိုက်သောစကား ။ အကြောင်းသိသော ဆောနူကတော့ ကိုယ်ရံတော်ကင်မ် ဝင်သွားပြီးသည်နှင့် အပျိုတော်များကို ခပ်ဝေးဝေးမှာသာ သွားရပ်ခိုင်းထားလိုက်သည် ။

တံခါးတွေကသိပ်လုံခြုံတာမဟုတ် တော်ကြာအသံတွေကြားကုန်မှဖြင့် အကုန်သိကုန်မယ် ။ နန်းတွင်းထဲမယုံရဆုံးက နန်းတွင်းသူတွေပဲ ။ သူတို့သိလိုက်တာနဲ့နန်းတွင်းတစ်ခုလုံးချက်ချင်းသိကုန်မှာ ။ ထို့ကြောင့်သူတစ်ယောက်သာလျှင် အိပ်ခန်းဆောင်ရှေ့မှာရပ်စောင့်နေလိုက်သည် ။
.
.
.
" ကင်မ်....... "

အိပ်ခန်းဆောင်ထဲ ကိုယ်ဝင်လာတယ်ဆိုရင်ဘဲ ချစ်ဖို့ကောင်းတဲ့အသံလေးနဲ့ခေါ်ကာ ရင်ခွင်ထဲသို့ပစ်ဝင်လာပါသော အိမ်ရှေ့စံလေး ။

" ကင်မ် ငါအရမ်းလွမ်းနေတာ ကင်မ်ရော ငါ့ကိုလွမ်းလားဟင် "

ရင်ခွင်ထဲဝင်လာသော အိမ်ရှေ့စံသေးသေးလေးကို တင်းတင်းပြန်ဖက်ထားကာ ကိုယ်လဲသူ့ကိုဘယ်လောက်လွမ်းကြောင်း ပြောပြရမည်လေ ။

ချစ်သူ့အမုန်းWhere stories live. Discover now