>•Unicode•<
.
.
.
" ဘယ်ကပြန်လာတာပါလဲ အရှင့်သား "တစ်နေ့လုံးပျော်ရွှင်လာသမျှက နန်းတော်အဝရောက်တာနှင့် အကုန်ပျောက်ကွယ်ကုန်သည်။ ဘယ်ချိန်ထဲကစောင့်နေမှန်းမသိနိုင်သောအမတ်ကြီးသည် နန်းတော်အဝတွင် စီးမေးလာသည်။
" ကျွန်တော်တို့ မြို့ထဲခဏလျှောက်ကြည့်နေကြတာပါ "
ကြောက်ရွံ့ကာ တုန်လှုပ်နေသော အရှင်ငယ်အစား ဝင်ဖြေပေးမိသည် ။
" ကျွန်တော်မျိုး အရှင့်သားကိုမေးနေတာပါ "
ကိုယ့်ကိုအဖတ်မလုပ်စွာ ကြောက်ရွံ့နေသော အရှင်ငယ်ကိုသာ အတင်းဖြေစေသည် ။
" သူ...သူပြောတဲ့အတိုင်းပဲ ကျွန်...ကျွန်တော်တို့ မြို့ထဲလျှောက်ကြည့်နေကြတာ "
" နန်းတက်ပွဲနီးပြီမို့ နောက်ဆိုဘယ်ကိုမှလျှောက်မသွားပါနဲ့အရှင့်သား အပြင်မှာ အန္တရာယ်များလို့ပါ ပြီးတော့မင်း ကိုယ့်အပြစ်ကို သိပါတယ်နော် ခွင့်ပြုချက်မရှိပဲ ဘုရင်လောင်းကို အန္တရာယ်များတဲ့နန်းပြင်ကိုခေါ်ထုတ်သွားတယ် ကိုယ့်အပစ်ကိုသိရင် အပစ်ခံယူဖို့ ရုံးတော်ကိုသွားပါ "
" မဟုတ်ဘူးအဖိုး ကျွန်တော်သူ့ကိုအမိန့်ပေးခဲ့တာ သူကကျွန်တော့်စကားကိုပဲနားထောင်တာပါ သူ့မှာအပစ်မရှိပါဘူး ကျွန်တော်ခေါ်ထုတ်သွားခိုင်းတာ သူ့အပစ်မဟုတ်ပါဘူး ဒီတစ်ခုတော့ခွင့်လွှတ်ပေးပါအဖိုး ကျွန်တော်နောက်ဆို ခိုးမထွက်တော့ပါဘူး "
" ဒီနေရာမှာ ကျွန်တော်မျိုးက အရှင့်သားရဲ့အဖိုးမဟုတ်ပါဘူး အမတ်ချုပ်တစ်ယောက်အနေနဲ့ပြောနေတာပါ မင်းကကိုယ့်အပစ်ကို ဝန်မခံဘူးလား အရှင့်သားကာကွယ်တာကိုပဲထိုင်စောင့်နေတော့မှာလား "
" ကျွန်တော်မျိုး အခုပဲသွားလိုက်ပါ့မယ် "
" ကင်မ်!! "
စိုးရိမ်တကြီးအော်ခေါ်လာပါသောအရှင့်သားကိုကြည့်၍ ခပ်ဖွဖွပြုံးပြလိုက်သည် ။
" စိတ်မပူပါနဲ့အရှင့်သား သူတို့ကျွန်တော်ကိုဘာမှလုပ်လို့မရပါဘူး အလွန်ဆုံးကြိမ်ဒဏ်ခံရရုံပဲရှိမှာပါ "
YOU ARE READING
ချစ်သူ့အမုန်း
Fanfictionအမှား... မင်းကိုပိုင်ဆိုင်ချင်တာအမှားဆိုရင် အဲ့ဒီအမှားကို ကိုယ်ဆက်မှားနေဦးမှာပဲ....... ကိုယ်ချစ်တဲ့မင်းက ကိုယ့်အနားမှာပဲနေရမယ် အဲ့တာကိုယ့်အတ္တပဲ.......