Part (4)

313 27 10
                                    

>• Unicode •<
.
.
.
" ဖြစ်ပါ့မလားအရှင့်သားရဲ့  မိသွားရင်ဘယ်လိုလုပ်မလဲ "

အိမ်ရှေ့စံလေးဟာ နန်းပြင်ကိုခိုးထွက်ဖို့ကြံစည်နေခြင်းဖြစ်သည် ။ ဟိုတစ်နေ့က အမတ်ချုပ်ကြီးပြန်သွားပြီးနောက် အိမ်ရှေ့စံလေးဟာ မျက်နှာလေးပျက်ယွင်းနေသည် ။ မည်မျှပင် ပြုံးပြကာ ဟန်ဆောင်နေပါသော်လည်း အိမ်ရှေ့စံလေးကို အရိပ်တကြည့်ကြည့် ကြည့်နေတတ်သူကိုယ်ရံတော်လေးဟာတော့ တစ်ခုခုဖြစ်နေမှန်း တန်းပြီးရိပ်မိပါသည် ။ 

သို့သော် မည်မျှပင်မေးစေကာမူ အိမ်ရှေ့စံလေးဟာ ' ဘူး ' တစ်လုံးခံကာ ငြင်းနေမြဲပါ ။ ထို့ကြောင့် ကိုယ်ရံတော်လေးဟာ ထပ်မမေးတော့ပဲ ယခုနေ့တွင်တော့ ပြစရာရှိသည်ဆို၍ ကိုယ်ရံတော်လေးနှင့်လည်ပတ်ရန် နန်းပြင်သို့ခိုးထွက်နေခြင်းဖြစ်သည် ။

" ဖြစ်ပါတယ်ဆောနူရ ဒီမှာငြိမ်ငြိမ်လေးသာနေခဲ့ ဘယ်သူလာလာတံခါးမဖွင့်ပေးနဲ့ ငါစာဖတ်နေလို့တို့ ငါအိပ်နေလို့တို့ လျှောက်ပြီးသာ‌ပြောလိုက် နော် နော် ဆောနူနော် မင်းကငါ့ကိုမသွားစေချင်ဘူးလားဟင် ငါ့မှာကင်မ်နဲ့ဒီလိုလွတ်လွတ်လပ်လပ်တစ်ခါမှလည်ဖူးတာမဟုတ်ဘူး အခုမှအခွင့်အရေးလေးရတာကို နော်နော် "

ဆောနူ၏လက်ကိုဆွဲ၍ ချစ်စဖွယ်မျက်နှာလေးလုပ်ကာ ချစ်စဖွယ်အသံလေးနှင့် ချွဲနေပါသောအိမ်ရှေ့စံလေး ။ ကိုယ်ရံတော်ကင်မ် သဲသဲလှုပ်နေတာလဲမပြောနဲ့လေ ၊ ဒီလိုမျက်နှာ ဒီလိုအသံကို ဘယ်သူကလွန်ဆန်နိုင်မှာလဲ ။

" ကျွန်တော်က မသွားစေချင်လို့ပြောတာမဟုတ်ပါဘူး အပြင်မှာကအန္တရယ်များတယ်လေ တစ်ခါမှသွားဖူးတာလဲမဟုတ်ဘဲနဲ့ ကျွန်တော်ကစိုးရိမ်လို့ပါ "

" အဲ့ဒီအတွက်တော့ပူစရာမလိုပါဘူး သိတယ်မလား အနားမှာကိုယ်ရံတော်ကင်မ်ရှိတယ်လေ ဘယ်သူ့ကိုကြောက်ရမှာလဲ အားလုံးအေးဆေးပဲ "

" ဟုတ်ကဲ့ပါ ဒါပေမယ့် မမှောင်ခင်ပြန်လာရမယ်နော် ကျွန်တော်စိတ်ပူတတ်တာသိတယ်မလား "

" အင်းပါ ဒါဆိုငါသွားပြီနော် "

အိမ်ရှေ့စံလေးဟာ မောင်မဆောင်တွေကိုကွေ့ရှောင် ကျော်ဖြတ်ပြီး နန်းတော်နောက်ဖက်တံခါးကနေ နန်းပြင်ကိုထွက်ခွာသွားတော့သည် ။ ထွက်ခွာသွားသော အိမ်ရှေ့စံလေး၏နောက်တွင် အနက်ရောင်ဝတ်လူတစ်ယောက်ဟာလဲ ထပ်ကြပ်မကွာလိုက်ပါနေသည်ကိုတော့ အိမ်ရှေ့စံလေးတစ်ယောက်မသိခဲ့ပါလေ ။

ချစ်သူ့အမုန်းWhere stories live. Discover now