အခန်း၂
ဂျိုဆွန်းရဲ့အစဥ်အလာပွဲတော်နေ့၊
ချစ်သူများနေ့ဟုဆိုရမည်လား?
ရေထဲမီးပုံလွှတ်ပွဲပင်ဖြစ်ပါသည်။မိမိဆန္ဒတို့ကို
မီးပုံပေါ်မှာချရေးပြီး ရေထဲလွှတ်လိုက်ရင်ဆုတောင်းတွေတကယ်ဖြစ်လာသည်တဲ့လေ ။အဖေနဲ့အမေမပါပဲနဲ့
ဂျွန်ဟိုရယ် ဂျောင်ဂုရယ် ဆရာသခင်ရယ်မီးပုံပွဲတော်ကိုထွက်လာခဲ့ကြတယ်။
ဂျွန်ဟိုကအညိုရောင်ဝတ်ရုံကိုဝတ်ထားပြီးတော့ဂျောင်ဂုကအပြာရင့်ရောင်ဝတ်ရုံကိုဝတ်ထားတယ်။ ဆရာသခင်ကတော့အနက်ရောင်ဝတ်ရုံကိုဝတ်ထားပါသည်။
ဆယ့်နှစ်နှစ်အရွယ်ကလေးနှစ်ယောက်ကိုအနောက်ကနေကြည့်ရင်းမင်ယွန်ဂီလိုက်လာခဲ့သည်။ရုတ်ချည်း ဂျွန်ဟိုရဲ့ ဝတ်ရုံအကျီ ကြိုးဖြည်နေသည်ကိုသတိထားမိ၍
လှမ်းကာခေါ်လိုက်သည်။'' ဂျွန်ဟို ''
''ဟုတ်ကဲ့ဆရာသခင် ''
''ဒီကိုလာခဲ့ပါအုန်း မင်းရဲ့အကျီကြိုးကဘာလို့သေချာမချည်ထားရတာတုန်း ၊ လာ ဆရာချည်ပေးမယ်''
ဟုဆိုကာ ခါးထပ်ကကြိုးကို
သေချာထုံးရစ်ကာချည်နှောင်ပေးခဲ့ပါသည်။
ထိုအချင်းအရာကိုမြင်နေတဲ့ဂျောင်ဂုတယောက်
စိတ်ထဲမှာ အစိုင်အခဲသေးသေးလေးပေါက်ပွားလာကာ ခြေကန်ပြီး နှစ်ယောက်လုံးကိုထားခဲ့ကာ
ထွက်သွားလေသည်။! ဂျွန်ဟိုကသူ့ဖာသာ အကျိကြိုးကိုမချည်နိုင်ဘူးလား၊သေးသေးလေးကအစဆရာလုပ်ပေးရအောင်သူက ကလေးလေးလား!
!ဆရာကလည်း ဘာလို့လိုက်လုပ်ပေးနေရတာလဲ?မသိရင် ဂျွန်ဟို ဆရာ့သားလေးလိုလိုနဲ့!
!ဆရာကျွန်တော့်ကိုဂရုမစိုက်ဘူး!
မြေကြိးကိုကန်ရင်းနဲ့ တံတားတစင်းပေါ်ကိုလျှောက်သွားလိုက်သည်။
တံတားကနေမြင်နေရသည့်ရှူခင်းမှာနှစ်လိုဖွယ်ကောင်းလှပါ၏။
စီးဆင်းနေတဲ့မြစ်ပေါ်မှာထိန်လင်းနေတဲ့ မီးပုံလေးတွေက မျောပါသွားသည်။ အသေးစိတ်ကြည့်ကြည့်ရင်မီးပုံလေးတွေပေါ်မှာသူတို့၏စိတ်အလိုကိုရေးထားကြသည်။
ဂျောင်ဂုကြည့်ရတာသဘောကျပါ၏။
YOU ARE READING
Looking for you (Completed)
Historical FictionYoonkook fanfic ဂရုစိုက်မယ့်သူမရှိခဲ့တဲ့ သူတယောက်မှာ အဖော်ပြုပေးခဲ့တဲ့သူတယောက်ရှိရင်အဲ့သည်လူကို ကိုယ့်ရဲ့အားလုံးစွန့်လွှတ်ပြီးကာကွယ်ပေးချင်တယ်....၊ မရဏလမ်းကိုဖြတ်ရရင်တောင်မင်းရဲ့ဝိဥာဥ်ကို မတွေ့တွေ့အောင်ရှာဖွေပြီး ဖမ်းဆုပ်ထားမှာ...ငါ့ရဲ့ဆုတောင်းကမင်...