အခန်း၁၁
မူယော့တယောက်တည်းကိုအမတ်တွေရောကိုယ်ရံတော်တွေကပါဝိုင်းထားသည်။သူမအတွက်ထွက်ပြေးနိုင်မည့်လမ်းဟာအလျဥ်းမရှိ။ဒီလိုအခြေအနေတွေမှာ သူတို့အဖွဲ့ဝင်တွေရွေးချယ်သွားတဲ့နည်းလမ်းကတခုပဲရှိတယ်။
အဆုံးစီရင်ခြင်း။
သစ္စာဖောက်တွေလို့စွတ်စွဲခံရပြီး
အသတ်ခံလိုက်ရတဲ့သူမမိသားစုတွေ၊ မိခင်ကသူမကာကွယ်နိုင်ဖို့အတွက် ရန်သူရဲ့ဓားမှာအသတ်ခံလိုက်ရတယ်။ ဂိုထောင်တခုမှာပိတ်မိသွားတဲ့သူမဟာ ပြန်ထွက်နိုင်စွမ်းမရှိပဲ တဖြေးဖြေးမြိုက်လာတဲ့မီးတွေကြားမှာရုန်းကန်ခဲ့တယ်။ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာ
အိတ်ကပ်ထဲက အပ်ကိုထုတ်ယူလိုက်ပြီးလျင်မြန်စွာ လည်ပင်းကိုထိုးစိုက်လိုက်မည်အပြုမှာပဲ
သူ့ရဲ့လက်ကိုတစုံတယောက်ကတားမြစ်လိုက်တယ်။'' အရှင် !''
'' အမတ်ဂျွန် ''
''ဂျောင်ဂု ''
အမတ်ဂျွန်ဟာ
မူယော့ရဲ့လက်ကိုဖယ်ရှားလိုက်ပြီးသူမရဲ့ရှေ့မှာကာရပ်လိုက်တယ်။
အခုဆိုသူလည်းဖုံးကွယ်နေစရာအကြောင်းမရှိတော့ဘူးလေ။'' လက်စသတ်တော့မင်းကို ''
မင်းကြီးကလက်ညိုးထိုးကာ
ခပ်မဲ့မဲ့ပြုံးပြီးလေးပင်သောအသံဖြင့်ပြောလာလေသည်။'' အရှင် ပြန်သွားလိုက်ပါ ''
''မင်းတာဝန်ပြီးပြီ တာဝန်ကျေတယ် မူယော့၊ ပြန်သွားလိုက်တော့ သဘော်ဆိပ်မှာ မင်းလူတွေစောင့်နေတယ် ၊ ''
''ဟင့်အင်း အရှင့်ကိုမထားခဲ့နိုင်ဘူး ''
'' ဂျွန်ဟိုကိုလည်းခေါ်သွားလိုက်....၊ သူလည်းအဲ့မှာရှိလိမ့်မယ် ''
''အရှင် ''
''စကားနားထောင် မူယော့၊ မင်းက ငါ့ညီမလေးပါပဲ ''
အကျည်းတန်သောရုပ်အဆင်းဖြင့်ငိုနေသည်ကားအများအမြင်မှာရုပ်ဆိုးလှသည်။
မီးလောင်ဒဏ်ရာကြောင့်ဖြစ်တည်နေတဲ့သူမရဲ့မျက်နှာကိုဂျောင်ဂု ခပ်ဖွဖွလေးထိလိုက်သည်။ထို့နောက်
YOU ARE READING
Looking for you (Completed)
Historical FictionYoonkook fanfic ဂရုစိုက်မယ့်သူမရှိခဲ့တဲ့ သူတယောက်မှာ အဖော်ပြုပေးခဲ့တဲ့သူတယောက်ရှိရင်အဲ့သည်လူကို ကိုယ့်ရဲ့အားလုံးစွန့်လွှတ်ပြီးကာကွယ်ပေးချင်တယ်....၊ မရဏလမ်းကိုဖြတ်ရရင်တောင်မင်းရဲ့ဝိဥာဥ်ကို မတွေ့တွေ့အောင်ရှာဖွေပြီး ဖမ်းဆုပ်ထားမှာ...ငါ့ရဲ့ဆုတောင်းကမင်...