အခန်း၁၀
လူပျောက်ခြင်းရဲ့ လမ်းစကို ယွန်ဆောရှာတွေ့ခဲ့ပြီ။ ဟီယောင်းစံအိမ် အလောင်းကစားဝိုင်း၊ဆောင်ကြာမြိုင်။
သူ့လိုသခင်လေးကဒီလိုနေရာကိုဝင်ဖို့စိတ်မှာမသိုးမသန့်နဲ့။ ကြမ်းတမ်းတဲ့မြေရိုင်းဒေသ၊ကန္တာရ၊သဲသောင်ပြင်သူရောက်ဖူးသည်။
ဆောင်ကြာမြိုင်ကိုတော့ခြေဦးပင်မလှည့်ဖူးပါပေ။ညအချိန် ၊ မူးရူးနေတဲ့ လူတွေလည်းရှိတယ်။
မိန်းမတွေကိုလက်နှစ်ဖက်မှာထားပြီး
ရမ်းကားနေတဲ့ဟာတွေလည်းပေါ်များပါ၏။ဆောယွန်းဟာ သူ့ရဲ့နောက်လိုက်နှစ်ယောက်ကိုခေါ်ပြီး စံအိမ်ထဲကိုဝင်သွားလိုက်သည်။
ထို့နောက် ပတ်ပတ်လည်ကြည့်လိုက်တော့
မီးထိန်ထိန်လင်းနေတဲ့ စံအိမ်တော်ကြီးထဲမှာ
ကခုန်နေတဲ့မိန်းမပျိုလေးတွေရေ၊ စောင်းသံတကြောကြောနဲ့မိန်းမပျိုးလေးတွေ ။ဆက်၍လျှောက်သွားကြည့်လေတော့ ထူးဆန်းတဲ့မိန်းမတယောက် မျက်နှာတခြမ်းကိုပုဝါစနဲ့အုပ်ထားကာရပ်နေလေသည်။
ဟင့်အင်း အဲဒါကယောက်ျားလေးတယောက်။'' သခင်လေး ၊ စံအိမ်သခင်ကအထဲမှာစောင့်နေပါတယ် ''
'' ကျုပ်ဘယ်သူလဲဆိုတာသိလို့လား?''
''စစ်သူကြီးကိုမသိတဲ့သူဟန်ယန်းမှာရှိပါ့မလား?''
'' မင်းတို့စံအိမ်သခင်ကဘယ်အခန်းမှာ...?''
''ညာဘက် မက်မွန်ဆောင်မှာပါ ''
မိန်းမပျိုလေးညွှန်ပြတဲ့နေရာကို
ယွန်ဆောဝင်သွားလိုက်တယ်။
မှောင်မဲနေတဲ့အခန်းထဲမှာ အလင်းရောင်ခပ်မှိန်မှိန်ခေးထွန်းလင်းထားသည်။
စံအိမ်သခင်မှာ ဇာပုဝါတခုဖြင့် အခန်းအလယ်မှာဖုံးကွယ်ထားပြီး စည်းခြားထားသည်။
သူမြင်ရတဲ့အရိပ်ဟာ အမျိုးသားတယောက်ကုတင်ပေါ်မှာထိုင်နေပြီး ဗျစ်စောင်းတမျိုးကိုထိတွေ့နေသည်။ ယွန်ဆောရဲ့အမြင်အရထိုလူရဲ့မျက်နှာမှာ အနက်ရောင် ပုဝါလေးစည်းထားသည်။'' ဒီကသခင်လေး ဘာကိစ္စကြောင့်ကျုပ်ရဲ့နိမ့်ကျတဲ့စံအိမ်ကို ရောက်လာခဲ့တာလဲမသိဘူး ''
YOU ARE READING
Looking for you (Completed)
Historical FictionYoonkook fanfic ဂရုစိုက်မယ့်သူမရှိခဲ့တဲ့ သူတယောက်မှာ အဖော်ပြုပေးခဲ့တဲ့သူတယောက်ရှိရင်အဲ့သည်လူကို ကိုယ့်ရဲ့အားလုံးစွန့်လွှတ်ပြီးကာကွယ်ပေးချင်တယ်....၊ မရဏလမ်းကိုဖြတ်ရရင်တောင်မင်းရဲ့ဝိဥာဥ်ကို မတွေ့တွေ့အောင်ရှာဖွေပြီး ဖမ်းဆုပ်ထားမှာ...ငါ့ရဲ့ဆုတောင်းကမင်...