part7

210 34 0
                                    

အခန်း၇

'' ဆရာ ကျွန်တော်တို့ ညစျေးသွားရအောင်''

တပည့်၏စကားကြောင့်
ညည့်နက်မှာညစျေးသွားခဲ့ကြတယ်။
အပြာရင့်ရောင်ကိုအမြဲတစေဝတ်တတ်တဲ့ဂျောင်ဂုဟာဒီညမှာလည်းအပြာရင့်ရောင်ပါပဲ။

မင်ယွန်ဂီကမူ အနီရောင်ဝတ်ရုံကိုဝတ်ထားပြီး
ကျောက်စိမ်းကြိုးတွေသီတဲ့ဦးထုပ်ကိုဆောင်းထားတယ်။

ညလေအေးအေးနဲ့ လင်းထိန်နေတဲ့မြို့တော်စျေး။
နှစ်ယောက်သားလမ်းကျဥ်းကျဥ်းလေးကယှဥ်တွဲလျှောက်လာကြတယ်။
အနောက်ကနေကြည့်လိုက်မယ်ဆိုရင်
သူတို့၏ပုံရိပ်တို့မှာလရောင်ကြောင့်မြေပြင်ပေါ်မှာထင်ဟက်နေပါလိမ့်မည်။
တချိန်ကဆယ့်နှစ်နှစ်အရွယ်ကလေးငယ်သည်ဟာသူ့ဘေးနားမှာအရွယ်ရောက်ကာအမျိုးသားတယောက်အသွင်ပြောင်းသွားခဲ့ပါပြီ။

ရုတ်ချည်း ဘေးနားကအရှိန်ပြင်းတဲ့မြင်းလှည်းတစင်းဖြတ်သန်းသွားတော့ ဂျောင်ဂုသည်လည်းတရာသခင်ကိုပုခုံးကနေဆွဲပြီးသူ၏ရင်ခွင်အတွင်းဆွဲသွင်းလိုက်သည်။
အရှိန်နဲ့ဆွဲခံလိုက်ရတဲ့ မင်ယွန်ဂီတယောက် ကျယ်ပြန့်သောရင်ခွင်မှာမျက်နှာအပ်မိသွားသည်။

'' ဆရာ အဆင်ပြေရဲ့လားဘယ်နားထိသွားသေးလဲ ''

ဂျွန်ဂျောင်ဂု၏ရင်ခွင်ကျယ်ထဲနစ်ဝင်သွားသောမင်ယွန်ဂီမှာ နားရွက်များပင်နီရဲလာပြီး
ပါးမို့များ ရဲတွန်လာလေသည်။

ဂျောင်ဂုမှာမူ
ဆရာသခင်တနေရာရာထိမိသွားမည်ကိုအလွန်အမင်းစိတ်ပူနေသည့်ဟန်။

မင်ယွန်ဂီကဘာမှမဖြစ်ကြောင်း
လက်ဟန်ပြုပြီးတိတ်ဆိတ်စွာခြေလှမ်းသွက်သွက်ဖြင့်ရှေ့ကိုမပြေးရုံတမယ်လျှောက်သွားသည်။

'' တပည့်ကိုစောင့်ပါဦးဆရာ''

'' ထမင်းမစားခဲ့ဘူးလားခပ်သွက်သွက်လျှောက်လာခဲ့ ''

'' စောင့်ပါအုန်း''

မီးရောင်မှိန်မှိန်လေးအောက်မှာဆရာတပည့်နှစ်ယောက် ညစျေးကိုလမ်းလျှောက်ထွက်သွားကြတယ်။

ဆိုင်တဆိုင်အတွင်းသို့အချိုတည်းရန်ဝင်လာလိုက်ပြီး
ထောင့်စွန်းကစားပွဲဝိုင်းမှာနေရာယူလိုက်သည်။
ထို့နောက်ဂျောင်ဂုကယွန်ဂီအား မေးမြန်းလေသည်။

Looking for you (Completed)Unde poveștirile trăiesc. Descoperă acum