part6

216 36 0
                                    

အခန်း၆

အမူးပြေလို့ အိပ်ယာကနေနိုးလာချိန်မှာညနေပင်စောင်းနေခဲ့ပြီ။ ဝတ်ရုံအပါးလေးကိုဝတ်ထားပြီးရှည်လျားတဲ့ဆံနွယ်တို့ကိုအနောက်ပစ်ထားလိုက်သည်။ထို့နောက် ကျောက်စိမ်းရောင်ဆံထိုးဖြင့်အရှေ့မှဆံနွယ်အနည်းစုကိုထိန်းထားလိုက်သည်။

သူအိပ်ပျော်သွားတာအရမ်းကြာသွားလားမသိ?
ဇက်ညောင်းနေသလိုခံစားရသည်။
အိပ်မက်တွေကရှည်လျားလွန်းတယ်...။
ဒီတသက်မနိုးချင်လာအောင်ကို ရှည်လွန်းတယ်။

အပြင်ကိုထွက်လာတော့အေးစိမ့်တဲ့လေပြေကိုခံစားရသည်။ တပြိုင်နက်မိမိအားကျောပေးထားသော အမျိုးသားတဦးကိုလည်းတွေ့မြင်ရသည်။အရပ်ရှည်ရှည်နဲ့ထိုလူငယ်ကိုရင်းနှီနေပေမယ့်စိမ်းသက်နေသည်။

''ဘယ်သူလဲ!''

မိမိအသံကြားတော့အလျင်စလိုပင်
မိမိဘက်လှည့်ကြည့်လာသည်။

''ဆရာ"

ထိုနာမ်စား။
သူ့ရှေ့ကအမျိုးသားငယ်သည်အရွယ်ရောက်လာခဲ့ပြီ။ ထွား​ကြိုင်သောခန္ဓာကိုယ်နဲ့ မြင့်မားသည့်အရပ်ကြောင့်ကြည့်ကောင်းလှပါ၏။
မျက်ဝန်းကြည်ကြည်နဲ့ နှုတ်ခမ်းပါးပါးတို့ကလိုက်ဖက်မှုရှိသည်။

'' မင်ယွန်ဂီ ''

ထိုလူအရှေ့ကိုတိုးလာတော့မင်ယွန်ဂီအနောက်ကိုဆုတ်မိသွားသည်။

'' ဆရာ တပည့်ကိုမမှတ်မိဘူးလား?''

'' ဂျွန်ဂျောင်ဂု!''

သူ၏အမည်ကိုရွက်ဆိုပြလိုက်တော့
ဂျောင်ဂု၏မျက်ဝန်းတို့မှာစိုစွတ်လာကာကြည်လဲ့လဲ့အရည်တို့စီးကျလာသည်။
ထို့ကြောင့် မင်ယွန်ဂိအမြန်ပင် ပြေးသွားကာမျက်ဝန်းကနေကျလုနီးနီး အရည်ကြည်တို့ကိုလက်ဖြင့်သုတ်ပေးလိုက်သည်။ထို့နောက်

''မငိုနဲ့ ''

''ဆရာ မင်းမသေဘူး ဆရာအသက်ရှင်နေသေးတယ် အဟင့် ဟင့် တပည့် တပည့်ဝမ်းသာတယ်''

''ဝမ်းသာရင်ဘာလို့ငိုနေတာလဲ၊ငါကမင်းကိုရိုက်နေလို့လား''

''အဟင့်ဟင့် မရိုက်ပေမယ့် ငိုချင်လာတယ်''

Looking for you (Completed)Where stories live. Discover now