part12 The end

467 35 5
                                    


အရိပ်အာဝါသကောင်းတဲ့
သစ်ပင်ကြီးတပင်အောက်မှာ ထိုင်ရင်း
သူနှစ်သက်တဲ့ကဗျာလေးတွေကိုဖတ်ရှူနေခဲ့တယ်။ထူးဆန်းတဲ့သူ့ရဲ့မှတ်ဥာဏ်တွေဟာတခါတလေသူ၏တပည့်ကိုတောင်မမှတ်မိနိုင်ဘူး။

ခနအကြာတော့
ဂျောင်ဂုဟာအရင်လိုပဲအပြာနုရောင်ဝတ်ရုံကိုဝတ်ထားပြီး မုန့်အကြွပ်တွေကိုထည့်ထားတဲ့ပန်းကန်ပြားကိုကိုင်သူ့ဆီကိုလျှောက်လာခဲ့တယ်။

ဒီလိုဖြူစင်ရိုးသားတဲ့သူ့တပည့်ဟာ
တစုံတခုကိုလျိုဝှက်ထားသလို၊ မျက်ဝန်းတွေကအရင်ကနဲ့မတူညီတော့သလို။

'' ဒီလောက်​အေးနေတာကို ဘာလို့ဝတ်ရုံပါးပါးလေးဝတ်ထားတာလဲ''

ဆိုရင်းဂျောင်ဂုဟာ မုန့်ပန်းကန်ကိုခနချထားလိုက်ပြီးသူ၏အပေါ်ဝတ်ရုံကိုချွတ်ကာဆရာဖြစ်သူ၏
ကိုယ်ပေါ်ကိုလွှမ်းခြုံလိုက်သည်။

'' ကျေးဇူးပါ ''

ဂျောင်ဂုက လက်ခံသလိုနဲ့မျက်ဝန်းကိုမှိတ်ပြီးခေါင်းကိုငြိမ့်ပြပါသည်။
ထို့နောက် စားပွဲပုလေးက မုန့်ကိုပြန်ယူပြီးဆရာသခင်၏ဘေးနားမှာထိုင်လိုက်သည်။

'' ဘာတွေဖတ်နေတာလဲဆရာ ''

''ကဗျာတွေပါပဲ မင်းယူပေးထားတာလေ ၊ တကယ်ဖတ်လို့ကောင်းတယ်မင်းရောဖတ်ပြီးပြီလား''

ဆိုတော့ဂျောင်ဂုကပြုံးပြီးခေါင်းခါယမ်းလိုက်တယ်။

''ဟင့်အင်းကျွန်တော်မဖတ်ရသေးဘူး ဆရာကြိုက်မယ်ထင်လို့ စံအိမ်ကနေယူလာခဲ့တာ၊''

''အော် အင်း၊ ဒါနဲ့ငါတို့ဒီကိုဘယ်တုန်းကပြောင်းလာတာလဲ? ဒီနေရာမှာဘယ်သူမှလည်းမရှိဘူးကော''

'' ဆရာပြောဖူးတယ်လေ၊ ဒီလိုအေးချမ်းပြီး သစ်ပင်တွေ ၊ပန်းတွေနဲ့ဒီလိုအိမ်သေးသေးလေးနဲ့နေချင်တယ်ဆို.....။ ''

''ဒါတွေကငါပြောလို့လား  ''

''အင်း ၊ သဘောကျရဲ့လား ၊
မနက်စောစောမှာကျွန်တော်တို့ဒီနေရာကနေနေထွက်လာတာကိုကြည့်လို့ရတယ်၊ နေ့လယ်ကျရင် ဟိုးနားကမက်မွန်ပင်အောက်မှာထိုင်ပြီးစာရေးကြမယ် ၊ အခုလိုညနေအချိန်ကိုရော​က်လာရင်ဆရာကကဗျာတွေဖတ်၊ကျွန်တော်ကဆရာစားဖို့အတွက်မုန့်တွေယူပေးမယ်၊
ဟော ညရောက်ရင် နှင်းတွေကျလာမယ် ဆရာနွေးနေအောင်ကျွန်တော်ကမီးဖိုပေးမယ် ''

Looking for you (Completed)Where stories live. Discover now