Episode - 1

1.2K 111 21
                                    

ကင်ထယ်ယောင်းနဲ့ဂျောင်ဟိုဆော့ဆိုတာ နှစ်ဖက်မိဘတွေကစီးပွားဘက်‌ တွေဖြစ်သည့်အပြင်နှစ်အိမ့်တစ်အိမ်လို့ပြောလို့ရတဲ့ထိရင်းနှီးကြသော်လည်း သူတို့နှစ်ယောက်ကတော့မျက်နှာချင်းဆိုင်မိတာနဲ့ထသတ်ကြတတ်သည်လေ ရန်ငြိုးရှိလို့လားလို့မေးမိရင်သူတို့မှာဖြေစရာရှိမည် မဟုတ် ခလေးဘဝတုန်းကဖြစ်ခဲ့ဖူးသည့်သဲမှုန်စလောက်ပြသနာမှစ၍ ငယ်စဥ်တည်းကမတည့်လာခဲ့သည်မှာ ယနေ့အချိန်ထိပင်ဖြစ်သည်။

မြင်တာနဲ့တစက်မှမတည့်ကာအမြဲရန်လိုနေကြသည့်သူတို့ကြား ဘယ်လိုပြသနာတွေဖြစ်လာမလဲကြည့်လိုက်ရအောင်~
__________________

မနက်ခင်းတွင်ပြတင်းပေါက်မှဖျာကျလာသောနေရောင်နုနုသည် အဖြူရောင်အိပ်ယာထဲမြုပ်နေသောလူအားအနှောင့်ယှက်ပေးနိုင်စွမ်းမရှိ မိခင်၏ကျယ်လောင်စွာသောအော်သံသာထိုလူသားကိုနှိုးနိုင်စွမ်းရှိသည်။

"ဂျောင်ဟိုဆော့ ဂျောင်ဟိုဆော့ နင်ထမလား ငါရေနဲ့လာလောင်းရမလား"

စောင်ပုံထဲကလူသားလေးကတော့တုတ်တုတ်မျှမလုပ်ပေ။

"အေနင်မထဘူးနော် ငါအခုထယ်ယောင်းကိုဖုန်းဆက်လိုက်မယ် သူလာရင်ငါ့သားကချက်ချင်းထတာမို့လား"

မေမေ့ဆီကထယ်ယောင်းနမယ်ကြားတာနဲ့ဆတ်ကနဲထထိုင်ကာတံခါးကိုဆွဲဖွင့်လိုက်သည်

"မေမေ!
သားကိုအဲ့အကောင်နဲ့မခြိမ်းခြောက်နဲ့ဗျာ"

တစ်စက်လေးမျှမကြိုက်ပါ ကင်ထယ်ယောင်းဆိုတဲ့ကောင်နာမည်တောင်မကြားချင်တာကို အိမ်ကအမေက သားအရင်းထက် အဲ့ကောင်ကိုတောင်ပို ဂရုစိုက်နေတယ်။

"နောက်ဘယ်လိုလုပ်ရမလဲ နင့်ကိုနိုင်တာမို့သူဘဲရှိတာလေ"

"ဘာကိုနိုင်တာလဲ ဟက်နိုင်စရာလား မနက်စောစောစီးစီးသူ့သောက်ခွက်ကိုအိမ်မှာမမြင်ချင်လို့ ကျက်သတုံးကောင်"

အပေါ်ထပ်က ကျိန်ဆဲသံတွေကိုတော့ အောက်က လွယ်အိတ်ကို ကပိုကရိုကိုင်ကာ လေတချွန်ချွန်နဲ့ မီးခိုချောင်ထဲ၀င်သွားတဲ့ကောင်လေးကတော့ ကြားမှာအမှန်ပင်။

𝘜𝘯𝘦𝘹𝘱𝘦𝘤𝘵𝘦𝘥 𝘓𝘰𝘷𝘦//𝗏𝗁𝗈𝗉𝖾Where stories live. Discover now