ဒီနေ့ဟာ သာယာတဲ့နေခင်းလေးတစ်ခုပေမယ့် ကင်ထယ်ယောင်းအတွက်တော့မသာယာနိုင်ပါ
ဟိုဆော့ကို ယွန်းနာနဲ့အတူတွေ့ရခြင်းကြောင့်ပင် ထိုကောင်မလေးက တစ်ခါကိုယ်နဲ့တွဲဖူးတဲ့ကောင်မလေးတစ်ယောက်၏သူငယ်ချင်းမို့ရင်းနှီးသည့် မိတ်ဆွေထဲတော့ပါသည်။ ဟိုဆော့နှင့်ဘယ်လိုသိသွားလဲတော့မသိတတ်ပါ ကိုယ်နဲ့ဆို မျက်နှာရှစ်ခေါက်ချိုးနဲ့ကောင်က သူမနဲ့ကျ ပြုံးပျော်နေတာမြင်လို့တောင်မကောင်း အတန်းပေါက်၀မှာ သမီးရည်းစားတွေလို့ ရီပြီး ပျော်နေကြတာ။ဟိုဆော့က သူမကိုများကြိုက်နေသလား။
"ထယ်ယောင်း..."
ယွန်းနာဆိုတဲ့ကောင်မလေးက ကိုယ့်ကိုမြင်သွားတဲ့ခါ ချိုမြမြအသံနဲ့လှမ်းခေါ်သော်လည်း နားထဲနား၀င်ဆိုးလှသည် အရင်နေ့တွေထိသူမအသံကိုအဲ့လိုအပြစ်မမြင်ခဲ့ပေမယ့် ဒီနေ့မှ သူမကိုလုံး၀ကြည့်မရဖြစ်သွားခြင်းကိုသူကိုယ်တိုင်လဲနားမလည်ပါ။
ဟိုဆော့ကိုလှမ်းကြည့်တော့ခုနကပုံစံနဲ့ ကွဲပြားကာ ကိုယ့်ကိုမြင်တော့ မျက်ခွက်က အဖိုးအိုကြီးလို့ ရှစ်ခေါက်ချိုးကာ မျက်ခုံးတွေကျုံ့ နှာခေါင်းတွေရှုံ့ နှုတ်ခမ်းတွေဆူ သေချာတယ် ငါ့ကိုတွေ့တိုင်းသာအဲ့လိုမျက်နှာလုပ်နေရင် မကြာခင် ပရည်တွန့်ပြီး အဘိုးကြီးမြန်မြန်ဖြစ်တော့မှာ။
"အတော်ဘဲ နင့်ကိုလဲငါ့မွေးနေ့ဖိတ်ရမယ် ဒီနေ့ည ပါတီလုပ်မှာမို့ နင်က ကျောင်းမှာ ပေါ်ပြုလာအဖြစ်ဆုံးဆိုတော့ နင်ပါရင်လူစည်မှာ လာပေးပါ့နော် "
*ဘာပေါ်ပြုလာဖြစ်တာလဲ ဝေါ့ရွံစရာ ရုပ်ကငါ့လောက်နီးပါးချောပေမဲ့သောက်ကျင့်ကဖြင့်တစက်မှမကောင်းဘဲ*
"ယွန်းကလဲ သူမပါလည်းဘာမှမဖြစ်ပါဖူး လူစည်ရင် မျက်စိနောက်အုန်းမယ်"
ဘာ ယွန်းတဲ့ ခေါ်တာကလဲကြက်သီးထစရာဘဲ ငါ့ကို ထယ်လို့ခေါ်ကြည့်ရင် တောင်ကြားကောင်းအုန်းမယ်။
"ဟိုဆော့ကလည်း လူများတော့ ပိုကောင်းတယ်မို့လား"
"ကဲပါ ငါလာခဲ့ပါမယ် တချို့လူတွေကမလာစေချင်တော့လည်း သေချာပေါက်လာရမှာပေါ့စိတ်ချ ပျော်စရာကောင်းဖို့ငါတာ၀န်ယူတယ်"
YOU ARE READING
𝘜𝘯𝘦𝘹𝘱𝘦𝘤𝘵𝘦𝘥 𝘓𝘰𝘷𝘦//𝗏𝗁𝗈𝗉𝖾
Fanfictionအပြိုင်အဆိုင် ဓာတ်မတည့်မှုတွေကြားမှချစ်မိသွားသော ဇာတ်အိမ်တစ်ခုကို တည်ထားခြင်း။ Authors - kim_yuri_9495 sohyungmin25 \\Vhope//