ပြောင်စပ်စပ်မျက်နှာပေးတည်တံ့နေတဲ့အချိန်တွေကဂျောင်ဟိုဆော့သဘောမကျဆုံးအချိန်တွေ..
ထယ်ယောင်းမျက်နှာတည်တံ့နေလျင်သူမကြိုက် ပြောင်စပ်စပ်ဆိုလျင်လည်းမကြိုက်ပေ သူကရူးများနေသလား သူကိုယ်တိုင်ဘဲနာသွားရအောင်စကားနားထိုးပြီး သူကိုယ်တိုင်ဘဲစောင့်တည်ရာမရဖြစ်နေတာ သူသာကင်မ်ထယ်ယောင်းကိုအကြိမ်ကြိမ်စိတ်ဆိုးတတ်ပေမဲ့ ထယ်ယောင်းကတော့ဘာပြောပြောဘာလုပ်လုပ်ကလဲ့စားပြန်ချေတာကလွဲ အခုလိုတိတ်ဆိတ်သွားတာမျိုးမရှိခဲ့ လွန်သွားမှန်းသိပေမဲ့သွားချော့ဖို့လောက်ထိသူမလုပ်ချင်။
မနက်တည်းကအခန်းအောင်းနေသည်ကိုတယောက်မှလာမမေးကြတာကြောင့်ဟိုဆော့အံဩရပါသည်
"မေမေတို့ကငါပါလာမှန်းမေ့သွားတာလား"
အတွေးနဲ့အတူအမြန်ထလိုက်ကာအဝတ်စားလဲ၍အခန်းပြင်သို့အမြန်ထွက်လိုက်၏ မေမေတို့အခန်းဆီသို့ဦးတည်လိုက်တော့မေမေတို့ကရှိမနေ
*ငါ့ကိုထားပြီးဘယ်တွေသွားနေကြတာလဲမသိဘူး*
ထို့စဉ် ဟိုတယ်ဧည့်ကြိုဆောင်တွင်ဖုန်းပြောနေသောထယ်ယောင်းကိုတွေ့လိုက်ရတော့သူအတိုင်းမသိပျော်သွားရသည် ဝန်ထမ်းကောင်မလေးကိုပြုံးကာတခုခုပြောနေဟန်တူသည် သူ့ကိုမြင်တော့ချက်ချင်းပင်တည်တံ့သွားသည်မှာခုနဝန်ထမ်းမလေးကိုပြုံးပြနေသည်မှာသူမဟုတ်သည့်အတိုင်း ရုပ်ပြောင်းရုပ်လွဲမြန်ချက်ကအမြင်ကပ်ချင်စရာပင်။
"ထယ်ယောင်း!"
တွေ့လျက်နှင့်မမြင်ချင်ယောင်ဆောင်ကာလှည့်ထွက်သွားသောထယ်ယောင်းကြောင့်သူအနောက်မှအမှီလိုက်ရတော့သည်
"ကင်မ်ထယ်ယောင်း!!"
"ဒီလောက်ခေါ်နေတာမကြားဘူးလား"
"ဘာလဲ!"
"မေမေတို့ဘယ်သွားကြတာလဲလို့ ဟိုတယ်မှာလဲမတွေ့ဘူး"
"ဒီလာမှတော့လည်ဖို့ပတ်ဖို့သွားတာနေမှာပေါ့ ခရီးထွက်လာပြီးအခန်းဘဲအောင်းနေရအောင်ရူးနေတာမှမဟုတ်တာ"
"မင်း"
"ဒါဆိုမင်းကရောဘာလို့လိုက်မသွားတာလဲ"
YOU ARE READING
𝘜𝘯𝘦𝘹𝘱𝘦𝘤𝘵𝘦𝘥 𝘓𝘰𝘷𝘦//𝗏𝗁𝗈𝗉𝖾
Fanfictionအပြိုင်အဆိုင် ဓာတ်မတည့်မှုတွေကြားမှချစ်မိသွားသော ဇာတ်အိမ်တစ်ခုကို တည်ထားခြင်း။ Authors - kim_yuri_9495 sohyungmin25 \\Vhope//