အခြေနေတွေကထင်ထားသလိုဖြစ်မလာတော့ထယ်ယောင်းစိတ်ထဲဘဝင်မကျတော့ပေ။ လျစ်လျုရှုတယ်စိုတာလဲတော်တန်ရုံဘဲကောင်းတယ်မဟုတ်လား
မတည့်အတူနေ မမြင်ချောင်းကြည့်ဆိုသလိုမျိုး ဟိုဆော့ပစ်ထားလို့ သူဘာလုပ်လုပ် အမြဲသွားချောင်းကြည့်ရသသည်မှာအလုပ်တစ်ခု ဟိုဆော့က ကျွန်တော့်ကိုမြင်ရင်တောင် မရှိသလိုဘဲ ကျော်ကျော်သွားတာ မနည်းတော့ဖူး တစ်ခါတစ်လေဆွဲဆက်ပြီးမေးပစ်လိက်ချင်ပါတယ် ဘာဖြစ်ချင်နေတာလဲလို့။
ဒီနေ့လဲ ကျောင်းပိတ်ရက်ဆိုကာ အိမ်က အပျော်ခရီးထွက်ကြမို့ထင်သည် ဟိုဆော့ကိစ္စကလွဲရင် ဘာမှစိတ်မ၀င်စားနိုင်လို့ သူတို့ဘာလုပ်မလဲဆိုတာတောင်မမေးဖြစ်ဖူး။
"ကင်ထယ်ယောင်းတို့ အပြင်တွေဘာတွေ မထွက်ဘဲအိမ်တွင်းပုန်းနေတာ အံ့ဩလိုက်တာ
အဲ့တာထားအုန်း အခုထိ ဘာမှမလုပ်ရသေးဖူးလား မနက်ဖြန်ဆိုရင်တောင် ခရီးကထွက်ရတော့မှာ ""ဘယ်ကိုသွားကျမလို့လဲ မလိုက်ချင်ဖူးဗျာ"
"ဟဲ့ နင့်ကိုဟိုတစ်ခါတည်းကပြောထားတာလေ နားကလည်းဒီဘက်က၀င်ရင်ဟိုဘက်ကပြန်ထွက်သွားတာလား"
"အား နာတယ် မေမေရ"
နားကို နီရဲသည်အထိ ဆွဲလိမ်လိုက်သော မေမေကြောင့်သူငယ်သံပါအောင်အော်လိုက်ရသည်။
*မေမေတို့များဒီသားလေးတယောက်တည်းရှိတာကိုနှိပ်စက်မယ်စိုတာချည်း*
"Hawaii ကိုသွားမယ်ပြောတာလား မှတ်မိပြီနည်းနည်းမေ့သွားလို့ ပြောထားတာလဲကြာပြီကို သားဘယ်မှတ်မိပါ့မလဲ"
Uniမပိတ်ခင် အတော်ကြာက ပိတ်ရက်ကြာချိန်ရှိရင် အလည်သွားကြဖို့ မိသားစုလိုက်ပြောထားတာကိုအခုမှဘဲသတိရတော့သည် Hawaii ကအရင်ကအရမ်းသွားချင်နေပေမယ့် အခုတလော သူ့ကိုယ်သူတောင် ဘာဖြစ်နေမှန်းမသိပါ အိမ်ကနေဘယ်မှမသွားချင်။
"အေးဟုတ်တယ် ဟိုဆော့တို့မိသားစုကလည်းသွားဖို့စဉ်းစားထားကြတာဆိုတော့ တူတူသွားကြမလို့လေ နှစ်မိသားစု ခရီးအတူမထွက်ရတာတောင်ကြာပြီ မင်းတို့ငယ်ငယ်ကဆိုတူတူထွက်တိုင်း နင်တို့နှစ်ကောင် သောင်းကျန်းသမျှလိုက်ထိန်းနေရတာ အခုတော့အသက်ကြီးလာပြီအနေအထိုင်ဆင်ခြေတော့ သားဆော့လေးကိုထိခိုက်အောင်လုပ်ရင် ငါနဲ့တွေ့မယ်"
YOU ARE READING
𝘜𝘯𝘦𝘹𝘱𝘦𝘤𝘵𝘦𝘥 𝘓𝘰𝘷𝘦//𝗏𝗁𝗈𝗉𝖾
Fanfictionအပြိုင်အဆိုင် ဓာတ်မတည့်မှုတွေကြားမှချစ်မိသွားသော ဇာတ်အိမ်တစ်ခုကို တည်ထားခြင်း။ Authors - kim_yuri_9495 sohyungmin25 \\Vhope//